တိုက်ဖွန်းမုန်တိုင်

May 15, 2020

တိုက်ဖွန်းမုန်တိုင်း ဖိလစ်ပိုင် ဝင်ရောက်၊ လူထောင်ချီ ယာယီစခန်းများတွင် ခိုလှုံ

ဖိလစ်ပိုင်မြောက်ပိုင်း လူဇုံကျွန်းကို  မေလ ၁၅ ရက်က တိုက်ဖွန်းမုန်တိုင်း ဗန်ဖန် ဝင်ရောက်ခဲ့ပြီး  လူပေါင်း ထောင်ချီ ယာယီခိုလှုံရေး စခန်းတွေမှာ နေခဲ့ရပါတယ်။   တိုက်ဖွန်းဝင်ချိန်အတွင်း ကယ်ဇုန်ပြည်နယ်မှာ လေပြင်းကြောင့် သစ်ပင်တွေ ကျိုးကျနေပုံကို  အွန်လိုင်းဗွီဒီယိုမှာ မြင်တွေ့ရပါတယ်။  ကာမာရီနက်ဆူးပြည်နယ် ဘူအီမြို့မှာတော့ ရာနဲ့ချီတဲ့ ဒေသခံတွေက တယောက်နဲ့ တယောက် ခပ်ခွါခွါအနေအထားနဲ့ ကျောင်းတွေမှာ မုန်တိုင်းခိုခဲ့ပါတယ်။  ရေကြီး မြေပြိုမယ့် အန္တရာယ်ကြောင့် လူ ၂ သိန်းလောက်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့ တယ်လို့လည်း  ပြည်နယ်အစိုးရတွေက ခန့်မှန်းထားပါတယ်။  လေတိုက်နှုန်း ၁ နာရီ ၁၁၀ ကီလိုကနေ ၁၅၀ အထိ တိုက်ခတ်ခဲ့တဲ့ တိုက်ဖွန်း ဗန်ဖန်ဟာ မေလ ၁၄  ရက်မှာ ဖိလစ်ပိုင်အလယ်ပိုင်းကို  ဝင်ရောက်ခဲ့ပြီး  အားပျော့သွားခဲ့ပါတယ်။ လောလောဆယ် တိုက်ဖွန်းမုန်တိုင်းဟာ  အနောက်မြောက်ဘက်ဆီ ရွေ့လျားနေပြီး အင်အား လျော့နည်းလာနေတယ်လို့  မိုးလေဝသဌာနက  သတင်းထုတ်ပြန်ပါတယ်။  ကျွန်းပေါင်း ခုနှစ်ထောင်ကျော်နဲ့ ဖွဲ့စည်းထားတဲ့ ဖိလစ်ပိုင်နိုင်ငံမှာ တနှစ်ကို  တိုက်ဖွန်းမုန်တိုင်း အလုံး  ၂၀ ခန့် ဝင်လေ့ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ 
11 months Ago
Up