တိုက်ဖျက်

October 3, 2020

အစ္စလာမ္မစ် ခွဲထွက်ရေးဝါဒကို တိုက်ဖျက်မည်ဟု ပြင်သစ်သမ္မတကြေညာ

ပြင်သစ်နိုင်ငံတဝှမ်းက မွတ်စလင်အသိုင်းအဝိုင်းတချို့မှာ လွှမ်းမိုးဖို့ ခြိမ်းခြောက်နေတဲ့ အစ္စလာမ္မစ်ခွဲထွက်ရေးဝါဒကို တိုက်ဖျက်သွားမယ်လို့ သမ္မတ အီမန်နျူရယ်မာခွန်းက  အောက်တိုဘာ ၂ ရက်မှာ ပြောပါတယ်။  ပြင်သစ်နိုင်ငံဟာ ဌာနေ အစ္စလာမ္မစ် စစ်သွေးကြွရန်ကို နှစ်များစွာ ခံခဲ့ရပေမယ့် သမ္မတ မာခွန်း အစိုးရကတော့ မွတ်စလင်အသိုင်းအဝိုင်းတချို့မှာ အကြမ်းမဖက်တဲ့ အစွန်းရောက်ဝါဒ ကျယ်ပြန်လာတဲ့အပေါ်မှာ ပိုမိုစိုးရိမ်နေပါတယ်။  အဲဒီထဲမှာ  မွတ်စလင်အမျိုးသားတွေက အမျိုးသမီးတွေကို လက်ဆွဲနှုတ်ဆက်ဖို့ ငြင်းဆိုတာ၊ ရေကူးကန်တွေမှာ အမျိုးသား၊ အမျိုးသမီး တလှည့်စီ အချိန်သတ်မှတ်တာ စတာတွေ ပါဝင်တယ်လို့  ပြင်သစ်တာဝန်ရှိသူတွေက ဆိုပါတယ်။  ပြင်သစ်ဟာ ဘာသာရေးနဲ့လူမှုဘဝကို သီးခြားစီခွဲထားတဲ့ လောကီသီးသန့်ဝါဒကို လိုက်နာ ကျင့်သုံးတဲ့ နိုင်ငံဖြစ်ပါတယ်။  မကြာသေးခင် ဆယ်စုနှစ်တွေမှာ ပြင်သစ်မွတ်စလင်တွေအကြား သူတို့ရဲ့ဘာသာရေး လက္ခဏာကို ပြသလိုစိတ် ကြီးထွားမှုဟာ လောကီသီးသန့်ဝါဒနေ အစ္စလာမ်ဘာသာဆီ ပြောင်းလဲ လာပါတယ်။   ပြင်းထန်တဲ့ အစ္စလာမ္မစ်ဘာသာရေး ဓလေ့ထုံးစံတွေဟာ ပြင်သစ်ရဲ့အင်စတီကျူးရှင်းနဲ့ စည်းမျဉ်းတွေက ခွဲထွက်နေတာမို့ ခွဲထွက်ရေးဝါဒ ဖြစ်တယ်ဆိုပြီး သမ္မတ မာခွန်းက ဆိုတယ်လို့ သူရဲ့ အကြံပေးတွေက ပြောပါတယ်။  ဒါကြောင့်မို့ လာမယ့်နှစ်အစောပိုင်းမှာ အစ္စလာမ္မစ် ခွဲထွက်ရေးဝါဒကို  အရေးယူမယ့် ဥပဒေကြမ်းကို ပါလီမန်မှာ တင်သွင်းသွားမယ်လို့ သမ္မတ မာခွန်းက ပြောဆိုခဲ့ပါတယ်။ 
6 months Ago

May 14, 2020

COVID-19 တိုက်ဖျက်ရေးအတွက် သူနာပြု ထောင်ချီ ဘင်္ဂလားဒေ့ရှ်အစိုးရ ခန့်အပ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် မေ ၁၃ ရက်က အစိုးရက  သူနာပြုသစ် ထောင်ချီပြီး ခန့်အပ်ခဲ့ပါတယ်။ ဝန်ကြီးချုပ်ရှိတ်ဟာစီနာက သူနာပြု ၅,၀၀၀ ကျော်နဲ့ ဆရာဝန် ၂,၀၀၀ ကျော် ခန့်အပ်သွားမယ်လို့ ဧပြီလက ကြေညာခဲ့ပါတယ်။  မေ ၁၃ ရက် မနက်မှာတော့ သူနာပြုသစ် ရာချီပြီး သူတို့ရဲ့တာဝန်သစ်တွေအတွက် စာရင်းသွင်းခဲ့ပါတယ်။ မီးလောင်ဒဏ်ရာနဲ့ ခွဲစိတ်ကုသဌာန တာဝန်ရှိသူ ဆရာဝန်က “ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ သမားတော်၊ ဆရာဝန် ၂,၀၀၀ နဲ့ သူနာပြု ၅,၀၀၀ ခန့်အပ်ဖို့ ဆုံးဖြတ်ခဲ့ပြီး သူနာပြုတွေထဲက  ဒီမနက် ၃၀၀ ကျော် အဲဒီကို လာရောက် စာရင်းသွင်းခဲ့တယ်” လို့  ပြောပါတယ်။ ဒေသမီဒီယာ ထုတ်ပြန်ချက်အရ ဘင်္ဂလားဒေ့ရှ်မှာ ကျန်းမာရေးလုပ်သား ၅၀၀ နီးပါး ရောဂါကူးစက်ခံထားရပြိး  ဆေးဘက်ဝန်ထမ်းသစ်တွေ ထပ်မံခန့်အပ်ဖို့ လိုအပ်စေပါတယ်။   ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ  ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၆,၀၀၀ ကျော်ရှိပြီး သေဆုံးသူ  ၂၅၀ ရှိတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။ 
11 months Ago
Up