တိုက်ပွဲဖြစ်ပွားမှုအခြေအနေ

November 14, 2020

တိုက်ပွဲဖြစ်ပွားမှုအခြေအနေ ထွက်ပြေးလာသည့် အီသီယိုးပီးယားဒေသခံများ ပြန်လည်ရှင်းပြ

တိုက်ပွဲတွေဖြစ်နေတဲ့ အီသီယိုးပီးယားမြောက်ပိုင်းမှာ အစိုးရတိုက်လေယာဉ်တွေ ဗုံးကြဲတာ၊ လမ်းပေါ်မှာ ပစ်ခတ်နေတာ၊ ဓားတွေနဲ့ ခုတ်သတ်နေတာတွေ တွေ့ရတယ်လို့ ထွက်ပြေးလာတဲ့ အရပ်သားတွေက နိုဝင်ဘာလ ၁၃ ရက်မှာ  ပြောပါတယ်။  တီဂရေး ပြည်နယ်မှာ ဖြစ်နေတဲ့ ပဋိပက္ခမြေပြင် အခြေအနေတွေကို ဆူဒန်နယ်စပ် အယ်ဖစ်ရှ်ဟာကိုမြို့မှာ မျက်မြင်တွေက ပထမဆုံးအကြိမ် ပြန်ပြောခဲ့တာပါ။ အဲဒီဒေသမှာ အစိုးရ စစ်တပ်က ဒေသတော်လှန်ရေး ခေါင်းဆောင်တွေအပေါ် သစ္စာခံတဲ့ တိုက်ခိုက်ရေးသမားတွေကို ချေမှုန်းနေတာပါ။  အီသီယိုးပီးယားဝန်ကြီးချုပ် အက်ဘီအာမက်ကတော့ အစိုးရ တိုက်လေယာဉ်တွေဟာ လက်နက်သိုလှောင်ရုံတွေနဲ့ တီဂရေးတပ်ဖွဲ့တွေ ထိန်းချုပ်ရာ လက်နက်ပစ္စည်းတွေ အပါအဝင် စစ်ဘက်ပစ်မှတ်တွေကို ဗုံးကြဲတာလို့ ဆိုပါတယ်။  တီဂရေးခေါင်းဆောင် ဒီဘယက်ရှန်း ဂျီဘရယ်မစ်ရှဲကတော့ အိမ်နီးချင်း အီရီထရီးယားက အီသီယိုးပီးယားကို ကူညီပြီး တပ်ဖွဲ့တွေ စေလွှတ်ထားတယ်လို့ ပြောဆိုပေမယ့် အထောက်အထားတွေကို မပေးပါဘူး။  အီရီထရီးယား နိုင်ငံခြားရေး ဝန်ကြီးကတော့ အဲဒီပြောဆိုချက်ကို ငြင်းဆိုပြီး အီရီထရီးယားဟာ ပဋိပက္ခမှာ မပါဝင်ဘူးလို ရိုက်တာကို ပြောဆိုခဲ့ပါတယ်။
1 year Ago
Up