တိုက်ပွဲဆက်ဖြစ်

October 2, 2020

အဇာဘိုင်ဂျန်နှင့်အာမေးနီယားတို့ တိုက်ပွဲဆက်ဖြစ်

အပစ်အခတ်ရပ်စဲရေး တောင်းဆိုနေတဲ့ကြားက အဇာဘိုင်ဂျန်နဲ့အာမေးနီးယားနိုင်ငံတို့ဟာ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။  နာဂေါ်နို ခါရာဘတ်ခ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကို အမေရိကန်၊ ပြင်သစ်နဲ့ ရုရှားတို့က ပူးတွဲပြစ်တင်ရှုတ်ချပေမဲ့ အဇာဘိုင်ဂျန်မဟာမိတ် တူရကီကတော့ အပစ်အခတ်ရပ်စဲရေး တောင်း ဆိုချက်တွေကို ပယ်ချလိုက်ပါတယ်။  နာဂေါ်နို ခါရာဘတ်ခ်ဒေသဟာ အဇာဘိုင်ဂျန်ရဲ့ တရားဝင် နယ်မြေဖြစ်ပေမဲ့ ခွဲထွက်ရေး အာမေးနီးယား မျိုးနွယ်စုတွေက အုပ်ချုပ်ပါတယ်။  နှစ်များစွာ ညှိနှိုင်းဆွေးနွေးမှုတွေဟာလည်း ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုတဲ့အဆင့်ကို မရောက်ခဲ့ပါဘူး။  အဲဒီဒေသနဲ့ပတ်သက်လို့ အဇာဘိုင်ဂျန်နဲ့ အာမေးနီးယားတို့ကြား ၁၉၈၈ ကနေ ၁၉၄၄ အထိ စစ်ဖြစ်ဖူးပါတယ်။  အခုဆိုရင် နိုင်ငံတကာ စိုးရိမ်မှုတွေတိုးလာပေမယ့် နှစ်နိုင်ငံ တိုက်ပွဲဟာ ၅ ရက်မြောက်အထိ ဆက်ဖြစ်နေပါတယ်။  အာမေးနီးယားနိုင်ငံ မြို့တော်ယေရာဗန်အနား နီးကပ်လာတဲ့ ဒရုန်းယာဉ်အပါအဝင် အဇာဘိုင်ဂျန်ရဲ့ ဒရုန်းယာဉ်အများအပြားကို ပစ်ချခဲ့တယ်လို့ အာမေးနီးယားအစိုးရက အောက်တိုဘာ ၂ ရက်မှာ ပြောကြားခဲ့ပါတယ်။
7 months Ago
Up