တိုက်ပွဲဆက်တိုက်ဖြစ်

September 30, 2020

အဇာဘိုင်ဂျန်နှင့် အာမေးနီးယားတပ်ဖွဲ့များအကြား တိုက်ပွဲဆက်တိုက်ဖြစ်နေ

အဇာဘိုင်ဂျန်နဲ့ အာမေးနီးယားတပ်ဖွဲ့တွေအကြားဖြစ်ပွားတဲ့  နာဂေါ်နိုခါရာဘတ်ဒေသတိုက်ပွဲဟာ စက်တင်ဘာ ၃၀ ရက်မှာ  ၄ ရက် ရှိလာပြီး လူပေါင်း ဒါဇင်ချီသေဆုံးကာ ရာချီ ဒဏ်ရာရတယ်လို့ သိရပါတယ်။ အဇာဘိုင်ဂျန် ကာကွယ်ရေးဌာနက အမြောက်ပစ်ခတ်ပုံတွေ ထုတ်ပြန်သလို စက်တင်ဘာ ၂၉ ရက်မှာ တင့်ကားတစ်စီးကို ဖျက်ဆီးပစ်တဲ့ ဗွီဒီယိုကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ နှစ်ဘက်တပ်တွေ ထိတွေ့ရာမျဉ်းတလျှောက် ဘက်ပေါင်းစုံမှာ နှစ်ဘက်တိုက်ခိုက်မှုတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲဟာ နာဂေါ်နိုခါရာဘတ်ဒေသ နယ်စပ်ကို လွန်ပြီး ပျံ့နှံ့ကာ နှစ်နိုင်ငံကြား အစွမ်းကုန် စစ်ပွဲ ဖြစ်လာဖို့ တာစူနေပါတယ်။ အဲဒီနောက် အာမေးနီးယား SU-25 တိုက်လေယာဉ်ကို တူရကီ F-16 တိုက်လေယာဉ်က  ပစ်ချခဲ့တာကြောင့် လေယာဉ်မှူး သေဆုံးခဲ့တယ်လို့ အာမေးနီးယားကာကွယ်ရေးဌာနက စက်တင်ဘာ ၂၉ ရက်မှာ ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ဆီးရီးယားမြောက်ပိုင်းက တူရကီတပ်ဖွဲ့ဝင် ၄,၀၀၀ ဝန်းကျင်ကို တိုက်ပွဲတွေ ဖြစ်နေတဲ့ နာဂေါ်တိုခါရာဘတ်ခ်ဒေသဆီ စေလွှတ်ထားတယ်လို့လည်း အာမေးနီးယား တာဝန်ရှိသူတွေက ဆိုပါတယ်။ တူရကီ အာဏာရ AK Party တာဝန်ရှိသူကတော့ အဲဒီပြောဆိုချက် နှစ်ခုစလုံးကို ငြင်းဆိုထားတယ်လို့  ရိုက်တာသတင်းက တင်ပြပါတယ်။
7 months Ago
Up