ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ သူ အကြိုက်နှစ်သက်ဆုံး တိုက်စစ်မှူး ၅ ဦးကို ရွေးချယ်လိုက်ပါတယ်။
လက်ရှိအချိန်မှာ ကစားနေဆဲ တိုက်စစ်မှူးတွေထဲကနေ ရွေးချယ်သွားခဲ့ပြီး ပရီးမီးယားလိဂ်က တိုက်စစ်မှူး အဂွဲရိုးတဦးသာ ပါဝင်ခဲ့ပါတယ်။
လီဝန်ဒေါစကီးရဲ့ စိတ်ကြိုက်တိုက်စစ်မှူး ၅ ဦးထဲမှာ အဂွဲရိုးနဲ့အတူ ရီးရဲလ်မက်ဒရစ်က ဘင်ဇီမာ၊ လိုက်ဇစ်က တီမိုဝါနာ၊ ဘာစီလိုနာက ဆွာရက်ဇ်နဲ့ ပီအက်စ်ဂျီက အမ်ဘာပေတို့ ပါဝင်ခဲ့ ပါတယ်။
ပရီးမီးယားလိဂ်တိုက်စစ်မှူးတဦးဖြစ်တဲ့ စပါးတိုက်စစ်မှူး ဟယ်ရီကိန်း မပါဝင်ခဲ့သလို ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းလည်း ပါဝင်ခြင်း မရှိခဲ့ပါဘူး။
လီဝန်ဒေါစကီးကတော့ ဟာလန်းကို ထည့်သွင်းရွေးချယ်ချင်ပေမယ့် သူ့အပေါ်မှာ ဖိအားတွေ ကျရောက်စေမှာ စိုးရိမ်တာကြောင့်ဖြစ်ပြီး ဆက်လက်ကြိုးစားမယ်ဆိုရင် ထိပ်တန်းကစားသမား တဦးဖြစ်လာလိမ့်မယ်လို့ ချီးကျူးခဲ့ပါတယ်။
9 months Ago