ဇန်နဝါရီအပြောင်းအရွေ့ဈေးကွက်အတွင်း အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းကို ခေါ်ယူဖို့ ကြိုးစားတဲ့ အသင်းတွေထဲမှာ အင်တာမီလန်အသင်းလည်းပါဝင်လာပါတယ်။
တိုက်စစ်မှူး အူဘာမီယန်ဟာ ဒီနှစ်ရာသီအကုန်မှာ အဆင်နယ်ကနေ ထွက်ခွာဖို့ သေချာသလောက် ရှိနေတာပါ။ အင်တာမီလန်ကတော့ တိုက်စစ်မှူးရဲ့ အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေသလို ဘာစီလိုနာအသင်းကလည်း စိတ်ဝင်စားနေပါတယ်။
အာဆင်နယ်အသင်းကတော့ အခု ဇန်နဝါရီဈေးကွက်မှာ အသက် ၃၀ အရွယ် တိုက်စစ်မှူး အူဘာမီယန်းကို ရောင်းချမှာ မဟုတ်ဘူးလို့ ဗြိတိသျှ မီဒီယာတွေမှာ ခန့်မှန်းထားပါတယ်။
1 year Ago