တိုက်စစ်မှူး ရိုဒရီဂွက်ဇ်

March 11, 2020

ရီးရဲလ်တိုက်စစ်မှူး ရိုဒရီဂွက်ဇ်ကို ဝုဗ်အသင်းက ပေါင် ၇၁ သန်းသုံးပြီး ခေါ်ယူမည်

ဝုဗ်အသင်းဟာ စူပါအေးဂျင့် ဂျော့ခ်ျမန်းဒက်စ်ရဲ့ အကူအညီနဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူး ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။  ဂျိမ်းစ်အတွက် ပေါင် ၇၁ သန်းလောက် အသုံးပြုပြီး ခေါ်ယူမှာ ဖြစ်တာကြောင့် ကလပ်အသင်း သမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် ငွေကြေးအမြောက်အမြား သုံးစွဲပြီး ကစားသမား ခေါ်ယူမှုတရပ် ဖြစ်လာဖို့ ရှိနေပါတယ်။  ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ လတ်တလောမှာတော့ ဒဏ်ရာပြဿနာတွေအပြင် ကြံ့ခိုင်မှု မပြည့်ဝတာကြောင့် ဒီရာသီ ၁၃ ပွဲ ကစားထားရာမှာ ၁ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၂ ကြိမ်သာ ပြုလုပ်ထားနိုင်ပါတယ်။  ဝုဗ်အသင်းရဲ့နည်းပြ အက်စပီရီတိုဆန်းတို့စ်ဟာ အသင်းကို ပရီးမီးယားလိဂ် ထိပ်သီးစာရင်းဝင်အသင်း ဖြစ်လာအောင် စွမ်းဆောင်ပေးထားပြီးတော့ ယူရိုပါလိဂ်မှာလည်း ရလဒ်ကောင်း ရရှိအောင် စွမ်းဆောင်ထားနိုင်ပါတယ်။  ဒါ့အပြင် လာမယ့် ရာသီတွေမှာလည်း အသင်းရဲ့ အောင်မြင်မှုကို ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့ ကစားသမားကောင်းတွေ ဝယ်ယူအားဖြည့်ချင်နေတာလည်း ဖြစ်ပါတယ်။
2 years Ago
Up