တိုက်စစ်မှူး ရက်ဖို့ဒ်

A d v e r t i s e m e n t With Us

March 29, 2020

လေ့ကျင့်ခန်း ပြန်ဆင်းနိုင်တော့မည်ဟု မန်ယူနိုက်တက် တိုက်စစ်မှူး ရက်ဖို့ဒ် ပြော

အရင်ကထက် ပိုမိုသက်သာလာပြီး အသင်းကြီးနဲ့အတူ မကြာခင်မှာ လေ့ကျင့်ခန်းဆင်းနိုင်တော့မယ်လို့ ယူနိုက်တက်တိုက်စစ်မှူး မားကပ်ရက်ဖို့ဒ်က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။  အသက် ၂၂ နှစ်အရွယ် အင်္ဂလန်တိုက်စစ်မှူးဟာ အခုနှစ်ပရီးမီယားလိဂ်မှာ အထူးခြေစွမ်းပြနိုင်ခဲ့သူ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ နောက်ကျောဒဏ်ရာ ရရှိခဲ့ပါတယ်။ ရက်ဖို့ဒ်ဟာ ယူနိုက်တက်အသင်းအတွက် ပရီးမီးယားလိဂ် ၂၂ ပွဲမှာ ၁၄ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သူ ဖြစ်ပြီးတော့ ဒါဟာ သူ့ရဲ့ကစားသမားဘဝတလျှောက် အကောင်းဆုံး ခြေစွမ်းလည်း ဖြစ်ပါတယ်။  ဒါပေမဲ့ နောက်ကျောဒဏ်ရာကြောင့် သူဟာ ရာသီကုန်အထိ အနားယူရမယ်လို့ ယူဆထားပေမယ့် ခုချိန်မှာတော့ သူ့ဒဏ်ရာဟာ ထင်ထားတာထက်ပိုပြီး မြန်မြန်ဆန်ဆန် သက်သာလာတာပါ။ Sky Sports သတင်းဌာနနဲ့ တွေ့ဆုံရာမှာ ရက်ဖို့ဒ်က “ပြီးခဲ့တဲ့ရက်တွေမှာ စကင်ဖတ်ခဲ့ပါတယ်။ ဒဏ်ရာအခြေအနေက နည်းနည်းလေး လိုသေးတယ်ဆိုပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ်တွေကနဲ့စာရင် အခု တော်တော်လေး ပြန်ကောင်းလာပါပြီ။ ကျနော် အဆ ၁၀၀ လောက် ပြန်ကောင်းလာတယ်လို့ ခံစားရပါတယ်။ ကျနော့်အတွက် အချိန်မှာ လေ့ကျင့်ခန်းပြန်ဆင်း နိုင်ပြီး အသင်းအတွက် ပွဲထွက်ကစားပေးဖို့ အဆင်သင့်ဖြစ်အောင် ပြင်ဆင်နေပါတယ်။ ကျနော် အခုပိုပြီးတော့လည်း ပျော်ရွှင်နေရပါပြီ” လို့ တိုက်စစ်မှူးက ပြောဆိုခဲ့ပါတယ်။  ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကြောင့် ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ဧပြီလကုန်အထိ ရပ်နားထားပြီး အင်္ဂလန်တနိုင်ငံလုံးကို lockdown ပြုလုပ်ထားတာကြောင့် ကစားသမားတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်အစီစဉ်နဲ့ လေ့ကျင့်မှုတွေ လုပ်ဆောင်နေပါတယ်။  ဒဏ်ရာကြောင့် အနားယူနေရတဲ့ သူ့အတွက်တော့ lockdown လုပ်ဆောင်မှုဟာ သိပ်ထူးခြားမှု မရှိပေမယ့် အသင်းဖော်တွေနဲ့အတူတူ လေ့ကျင့်ခန်း လုပ်ဆောင်ရတဲ့ အချိန်တွေကို သတိရမိတယ်လို့ ရက်ဖို့ဒ်က ဝန်ခံပါတယ်။
11 months Ago
Up