တိုက်စစ်မှူး ဒီဘားလား

July 15, 2020

တိုက်စစ်မှူး ဒီဘားလားကို ၂၀၂၅ ခုနှစ်အထိ သက်တမ်းတိုးရန် ဂျူဗင်တပ်စ် ကမ်းလှမ်း

ဂျူဗင်တပ်စ်အသင်းဟာ တိုက်စစ်မှူး ဒီဘားလားကို ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးဖို့ နီးစပ်နေပါတယ်။ အာဂျင်တီးနားတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့နှစ် နွေရာသီ အပြောင်းအရွှေ့မှာ စပါးနဲ့ မန်ယူအသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ဖူးတာပါ။ လက်ရှိအချိန်မှာတော့ ဂျူဗင်တပ်စ်အသင်းမှာပဲ ဆက်ရှိတော့မှာဖြစ်ပြီး ၂၀၂၅ ခုနှစ်အထိ သက်တမ်းတိုးတော့မယ်လို့ သိရပါတယ်။ ဒီဘားလားဟာ ဂျူဗင်တပ်စ်နဲ့ ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်သေးပြီး သက်တမ်းတိုးဖို့ အဆင်သင့်ရှိနေတယ်လို့ အီတလီသတင်းစာတွေက ဖော်ပြပါတယ်။ တက်တိုစပေါ့သတင်းရဲ့ ဖော်ပြချက်အရ ဒီဘားလားဟာ ချန်ပီယံလိဂ်ပွဲစဉ်တွေ မစခင် သြဂုတ်လအတွင်းမှာပဲ စာချုပ်ချုပ်ဆိုဖို့ရှိနေတယ်လို့ ဆိုပါတယ်။ ဆုကြေးတွေအပါအဝင် ပေါင်  ၉ ဒသမ ၄ သန်း ရရှိမှာဖြစ်ပြီး အနာဂတ်မှာ အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံရဖို့လည်း ရှိတယ်လို့ သိရပါတယ်။ အသက်၂၆ နှစ်ရှိ ဒီဘားလားဟာ အခုနှစ်ရာသီမှာ စုစုပေါင်း ၄၁ ပွဲ ကစားထားပြီး ၁၇ ဂိုးသွင်း၊ ၁၃ ကြိမ် ဂိုးဖန်တီးထားပါတယ်။
10 months Ago
Up