တိုက်စစ်မှူး ဒိုင်ဘာလာ

March 22, 2020

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရဟု ဂျူဗင်တပ်စ် တိုက်စစ်မှူး ဒိုင်ဘာလာ ဝန်ခံ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ ဂျူဗင်တပ်စ် တိုက်စစ်မှူး ဒိုင်ဘာလာက အတည်ပြုလိုက်ပါတယ်။ ဒါဟာ ရူဂါနီနဲ့ မာတွီဒီ တို့ပြီးနောက် ဂျူဗင်တပ်စ် ကစားသမား ၃ ဦးမြောက် ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒိုင်ဘာလာကတော့ သူရော၊ သူ့ချစ်သူပါ ကိုရိုနာဗိုင်းရပ် ကူးစက်ခံထားရတယ်လို့ အင်စတာဂရမ်မှာ အတည်ပြုခဲ့ပြီး ဗိုင်းရပ်စ်ကူးစက်ခံထားရပေမယ့် ကောင်းမွန်တဲ့ အခြေအနေမှာ ရှိတယ်လို့လည်း ဒိုင်ဘာလာက ပရိသတ်တွေကို အသိပေးပါတယ်။  ဂျူဗင်တပ်စ်အသင်းကလည်း ဒိုင်ဘာလာ ဗိုင်းရပ်စ်ကူးစက်ခံရတယ်ဆိုတာကို အတည်ပြုခဲ့ပြီး တဦးတည်း ခွဲခြားနေထိုင်စေတယ်လို့ သတင်းထုတ်ပြန်ပါတယ်။
2 years Ago
Up