လိုင်ယွန်အသင်းဟာ ဥရောပပြိုင်ပွဲဝင်ခွင့် မရခဲ့တဲ့အတွက် အသင်းပြောင်းရွှေ့ချင်သူတွေကို ထွက်ခွာခွင့်ပေးမယ်လို့ ကြေညာလိုက်ပါတယ်။
ပြင်သစ် လီဂူးဝမ်းပြိုင်ပွဲကို ဆက်လက်ကျင်းပခြင်း မပြုတော့ဘဲ ဖျက်သိမ်းလိုက်တာကြောင့် အဆင့် ၇ နေရာမှာ ရပ်တည်ခဲ့တဲ့ လိုင်ယွန်အသင်းက ဥရောပပြိုင်ပွဲဝင်ခွင့်နဲ့ လွဲချော်ခဲ့တာပါ။
ဒီလိုအခြေအနေကြောင့် ဥရောပပွဲကစားဖို့အတွက် စီစဉ်ထားတဲ့ ကစားသမားတွေအနေနဲ့ အသင်းပြောင်းရွှေ့ချင်ကြမှာဖြစ်ပြီး ကမ်းလှမ်းလာတဲ့အသင်းရှိရင် ရောင်းချမယ်လို့ လိုင်ယွန်အသင်း ဥက္ကဋ္ဌ မိုက်ကယ်အော့လက်စ်က ပြောပါတယ်။
အသက် ၂၃ နှစ်ရှိ ပြင်သစ် တိုက်စစ်မှူး ဒမ်ဘီလီကို မန်ယူနဲ့ ချဲလ်ဆီးအသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ဖူးပါတယ်။
စကော့တန်ကလပ် ဆဲလ်တစ်အသင်းမှာလည်း ကစားခဲ့ဖူးတဲ့ ဒမ်ဘီလီဟာ အသင်းနဲ့ စုစုပေါင်း ၈၈ ပွဲမှာ ၄၂ ဂိုး သွင်းယူပေးထားပါတယ်။
ဒမ်ဘီလီအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ သတ်မှတ်ထားတယ်လို့လည်း သိရပါတယ်။
2 years Ago