တိုက်စစ်မှူး ဇီယက်ဇ်

February 15, 2020

အေဂျက်ဇ်တိုက်စစ်မှူး ဇီယက်ဇ်ကို ပေါင် သန်း ၄၀ ဖြင့် ချဲလ်ဆီး ခေါ်ယူ

ချဲလ်ဆီးအသင်းဟာ ဟော်လန်ကလပ် အေဂျက်ဇ်တိုက်စစ်ကစားသမား ဇီယက်ဇ်ကို ပေါင် သန်း ၄၀ နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပြီး ရာသီအကုန်မှာ အသင်းနဲ့ စတင်ပူးပေါင်းမှာ ဖြစ်ပါတယ်။ အေဂျက်ဇ်တိုက်စစ်ကစားသမား ဇီယက်ဇ်ကို ခေါ်ယူနိုင်ခဲ့တာက တိုက်စစ်ပိုင်းမှာ ဖန်တီးမှု စွမ်းဆောင်ရည် ပိုကောင်းလာမယ်လို့ ချဲလ်ဆီးနည်းပြ လမ်းပတ်က ပြောပါတယ်။  ဇီယက်ဇ်ဟာ ကောင်းမွန်တဲ့ ကစားသမားဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ချန်ပီယံလိဂ်မှာ ခြေစွမ်းပြခဲ့သလို အခုနှစ် ချန်ပီယံလိဂ်မှာလည်း ထိပ်တိုက်တွေ့ဆုံခဲ့တဲ့အတွက် သူ့အကြောင်းကို ကောင်းကောင်းသိတယ်လို့ နည်းပြလမ်းပတ်က ပြောပါတယ်။ ဇီယက်ဇ်ကို ဇန်နဝါရီ အပြောင်းအရွှေ့ မပိတ်ခင်ကတည်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ဖြစ်မလာခဲ့တာကြောင့် အခုချိန်မှာ ခေါ်ယူဖို့ သဘောတူညီမှုရခဲ့တာလို့ လမ်းပတ်က ဆိုခဲ့ပါတယ်။
2 years Ago
Up