တိုက်စစ်မှူး ဂျီမီနက်ဇ်

June 21, 2020

ဝုဗ်တိုက်စစ်မှူး ဂျီမီနက်ဇ်ကို ခေါ်ယူလိုသည့်အသင်းများတွင် ဂျူဗင်တပ်စ် ပါဝင်လာ

ဝုဗ်ဗာဟမ်တန် တိုက်စစ်မှူး ရာအူးလ်ဂျီမီနက်ဇ်ကို ခေါ်ယူလိုတဲ့ အသင်းတွေထဲမှာ ဂျူဗင်တပ်စ်အသင်းလည်း ပါဝင်လာပါတယ်။  အသက် ၂၉ နှစ်ရှိ မက္ကဆီကို တိုက်စစ်မှူး ဂျီမီနက်ဇ်ဟာ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနေပြီး မနေ့က ကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ပွဲမှာလည်း ၁ ဂိုးသွင်းခဲ့ပါတယ်။  ဂျီမီနက်ဇ်ကို မန်ချက်စတာယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတွေကလည်း ခေါ်ယူလိုနေတာပါ။  လက်ရှိအချိန်မှာ ဂျူဗင်တပ်စ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားလာပြီး သူ့ရဲ့အေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်စ်ကို အကူအညီတောင်းထားတယ်လို့ သိရပါတယ်။  ဝုဗ်အသင်းဘက်ကတော့  ဂျီမီနက်ဇ်အတွက် ပြောင်းရွှေ့ကြေးပေါင် ၅၄ သန်း သတ်မှတ်ထားတယ်လို့ သိရပါတယ်။  ဂျူဗင်တပ်စ်အသင်းဟာ ဟီဂွါအင်ရဲ့နေရာမှာ အစားထိုးဖို့အတွက် နာပိုလီတိုက်စစ်မှူး မီလစ်ခ်ကို ခေါ်ယူဖို့ အဆင်မပြေခဲ့တာကြောင့် ဂျီမီနက်ဇ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားလာလို့ သိရပါတယ်။
1 year Ago
Up