အက်သလက်တီကိုမက်ဒရစ် တိုက်စစ်မှူး ဂျိုအာဖိလစ်ဟာ လေ့ကျင့်စဉ် ဒူးဒဏ်ရာရခဲ့လို့ ပွဲစဉ်တချို့ကို လွဲချော်တော့မှာ ဖြစ်ပါတယ်။
စပိန် လာလီဂါပြိုင်ပွဲကို လာမယ့် ဇွန်လ ၁၂ ရက်ဝန်းကျင်မှာ စတင်ကျင်းပနိုင်ဖို့ စီစဉ်ထားတာပါ။
အသင်းရဲ့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၁၂၆ သန်းနဲ့ ခေါ်ယူခဲ့တဲ့ ဂျိုအာဖိလစ်ဟာ လေ့ကျင့်ခန်းအစီအစဉ်မှာ ဒူးဒဏ်ရာရခဲ့တာဖြစ်ပါတယ်။
ဘယ်လောက် အနားယူရမလဲဆိုတာ အသင်းဘက်က သတင်းထုတ်ပြန်ခြင်း မရှိပေမယ့်လည်း ၃ ပတ်ခန့် အနားယူရနိုင်တယ်လို့ စပိန်သတင်းတွေမှာ ဖော်ပြပါတယ်။
အက်သလက်တီကိုအသင်းဟာ အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး လိဂ်ပြိုင်ပွဲ ပြန်လည်စတင်ချိန်မှာ ဘီလ်ဘာအိုအသင်းနဲ့ စတင်ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။
9 months Ago