စပါးအသင်းနဲ့ ဆုဖလားအောင်မြင်မှုမရလို့ အသင်းကနေ ထွက်ခွာလိုတဲ့ ဟယ်ရီကိန်းကို တိုက်စစ်မှူးဟောင်း ဂျွန်ဘန်းစ်က ဝေဖန်လိုက်ပါတယ်။
စပါးတိုက်စစ်မှူး ဟယ်ရီကိန်းဟာ ပြီးခဲ့တဲ့တပတ်က သူ့ရဲ့ လူမူကွန်ရက်စာမျက်နှာမှာ Live လွှင့်ရာမှာ ဆုဖလားအောင်မြင်မှုတွေ ရယူချင်တာကြောင့် အသင်းပြောင်းရွှေ့ဖို့ရှိတယ်လို့ အရိပ်အမြွက် ပြောကြားခဲ့တာပါ။
ဒီလိုပြောကြားခဲ့တာနဲ့ပတ်သက်ပြီး လီဗာပူး တိုက်စစ်မှူး ဂျွန်ဘန်းစ်က ဝေဖန်ခဲ့တာပါ။ ဟယ်ရီကိန်းအနေနဲ့ အသင်းမှာ အကောင်းဆုံးကစားသမားဆိုရင် အသင်းဖော်တွေကို အပြစ်တင်ပြီး ဆုဖလားမရဘူးလို့ ပြောနေတာက မှားယွင်းတဲ့သဘောထား ဖြစ်တယ်လို့ ဂျွန်ဘန်းစ်က ဝေဖန်ပါတယ်။
အဲဒီလို ဝေဖန်နေမယ့်အစား ကိုယ့်ဘာသာ အကောင်းဆုံးခြေစွမ်းရအောင်ကြိုးပမ်းကာ အသင်းမှာ ဆက်နေပြီး ဆုဖလားရအောင် လုပ်ဆောင်သင့်တယ်လို့ တိုက်စစ်မှူးဟောင်း ဂျွန်ဘန်းစ်က ဝေဖန်ပါတယ်။
11 months Ago