တိုက်စစ်မှူးဟာရီကိန်း

August 19, 2021

လာမည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် တိုက်စစ်မှူးဟာရီကိန်း ပွဲထွက်ကစားခွင့်ရရန် မသေချာ

တိုက်စစ်မှူးဟာရီကိန်းကို လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပွဲထွက်ခွင့်ပေးမလားဆိုတာ မသေချာ သေးဘူးလို့ စပါးနည်းပြနူနိုဆန်းတို့စ်ကပြောပါတယ်။

ဟာရီကိန်းဟာ အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွေကို အခုတစ်ပတ်မှသာ စတင်နိုင်ခဲ့ပြီး ယူရိုပါကွန်းဖရန့်လိဂ်ကစားမယ့်အသင်း လူစာရင်းကနေလည်း ချန်လှပ်ခံခဲ့ရတာပါ။

စပါးအသင်းဟာ တနင်္ဂနွေနေ့မှာ ဝုဗ်အသင်းနဲ့ ပွဲစဉ်၂ ကစားသွားရမှာဖြစ်ပြီး အဲဒီပွဲစဉ်မှာ ဟာရီကိန်း ပါဝင်ပွဲထွက်မလားဆိုတာ စောင့်ကြည့် စစ်ဆေးစရာတွေရှိသေးတယ်လို့ နည်းပြ နူနိုဆန်းတို့စ်ကပြောခဲ့တာပါ။

“ကစားသမားတစ်ယောက်ကို ပွဲထွက်ခွင့်ပေးဖို့ဆုံးဖြတ်တဲ့အခါမှာ ရှုထောင့်ပေါင်းစုံကနေ စဉ်းစားရပါတယ်။ ကြံ့ခိုင်မှုအခြေအနေ၊ စိတ်ပိုင်းဆိုင်ရာအခြေအနေ အစရှိတာတွေကို ကြည့်ရပါတယ်။ အသင်းက ကစားသမားအားလုံးကို ကူညီသွားမှာဖြစ်သလို ဟာရီအနေနဲ့လည်း ညီတူညီမျှ ကူညီမှုတွေလုပ်ဆောင်ပေးသွားမှာပါ” လို့ နည်းပြဆန်းတို့စ်ကပြောပါတယ်။

သတင်းတွေအရတော့ ဟာရီကိန်းဟာ အသင်းကနေ ထွက်ခွါခွင့် ပေးမယ်ဆိုတဲ့ကတိကို အသင်းဥက္ကဋ္ဌလီဗိုင်းက မတည်ခဲ့တာကြောင့် စိတ်ဆိုးဒေါသထွက်နေ တယ်လို့သိရပါတယ်။ ဟာရီကိန်းကို မန်စီးတီးအသင်းက ခေါ်ယူဖို့ ကမ်းလှမ်းထားတယ်လို့သိရပါတယ်။ 

5 months Ago
Up