တိုက်စစ်မှူးသစ် အီဂါလို

February 6, 2020

၀က်ဖို့ဒ်တွင် ကစားစဉ်ကတည်းက မန်ယူကို အားပေးခဲ့ဟု တိုက်စစ်မှူးသစ် အီဂါလိုပြော

၀က်ဖို့ဒ်အသင်းမှာ ကစားစဉ်ကတည်းက မန်ယူအသင်းကို အားပေးခဲ့တယ်လို့ တိုက်စစ်မှူးသစ် အီဂါလိုက ပြောပါတယ်။  တိုက်စစ်မှူး အီဂါလိုဟာ တရုတ်ကလပ်ရှန်ဟိုင်းရှင်ဟွာအသင်းကနေ ယူနိုက်တက်အသင်းဆီကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာပါ။  အီဂါလိုဟာ ရှန်ဟိုင်းရှင်ဟွာမှာ တပတ်လုပ်ခ ‌ပေါင်သုံးသိန်းသုံးသောင်း အထိ ရရှိခဲ့ပေမယ့် ယူနိုက်တက်အသင်းမှာတော့ ပေါင် ၁ သိန်း ၆ သောင်း ၅ ထောင်ပဲ ရရှိမှာပါ။  လုပ်ခလျှော့ယူရမယ်ဆိုတာ သိထားပြီးဖြစ်ပေမယ့် ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ခွင့်ရဖို့က အိပ်မက်တခုဖြစ်တာကြောင့်  ပြောင်းရွှေ့ခဲ့တာလို့ အီဂါလိုက ပြောပါတယ်။  မန်ယူနိုက်တက်အသင်းကို အားပေးတယ်၊ နှစ်သက်တယ်ဆိုတာ ဝက်ဖို့ဒ် အသင်းဖော်တွေ  ကလည်း သိရှိပြီး အဲဒီအချိန်တုန်းက မန်ယူအသင်းနဲ့ ရင်ဆိုင်ရတဲ့ပွဲဟာ စိတ်လူပ်ရှားစရာဖြစ်ခဲ့တယ်လို့ အီဂါလိုက ပြောပါတယ်။  အသက် ၃၀ အရွယ်ရှိ နိုင်ဂျီးရီးယား တိုက်စစ်မှူး အီဂါလိုဟာ ၂၀၁၅ နဲ့ ၂၀၁၇ ခုနှစ်အတွင်းမှာ ဝက်ဖို့ဒ်အသင်းနဲ့အတူ ပရီးမီးယားလိဂ် ၅၅ ပွဲကစားခဲ့ပြီး ၁၆ ဂိုး သွင်းယူခဲ့ပါတယ်။ 
1 year Ago
Up