တိုက်စစ်မှူးရက်ရှ်ဖို့ဒ်

A d v e r t i s e m e n t With Us

April 21, 2020

ပေါလ်စခိုးနှင့် တွဲဖက်ကစားချင်ခဲ့ကြောင်း မန်ယူ တိုက်စစ်မှူးရက်ရှ်ဖို့ဒ် ပြော

ကွင်းလယ်လူဟောင်း ပေါလ်စခိုးနဲ့ တွဲဖက်ကစားချင်ခဲ့တယ်လို့ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က ပြောပါတယ်။ ပေါလ်စခိုးဟာ မန်ယူအသင်းမှာ  ၂၀၁၃ ခုနှစ်အထိ ကစားပေးခဲ့ပေမယ့်လည်း ရက်ရှ်ဖို့ဒ်က ၂၀၁၆ ခုနှစ်ကမှ အသင်းကြီးမှာ စတင်ကစားခွင့်ရခဲ့လို့ အတူတွဲဖက်ကစားဖူးခြင်း မရှိခဲ့ပါဘူး။  ပေါလ်စခိုးနဲ့ ယူနိုက်တက်မှာအသင်းမှာ အတူကစားခွင့်ဟာ သူ့ရဲ့အိပ်မက်တခုဖြစ်ခဲ့ပြီး သူ့ရဲ့ အလွန်ကောင်းမွန်တဲ့ ဘောလုံးပေးပို့မှုတွေကြောင့် ဖြစ်တယ်လို့ ရက်ရှ်ဖို့ဒ်က ပြောပါတယ်။  ပေါလ်စခိုးနဲ့ တွဲဖက်မကစားခဲ့ရပေမယ့်လည်း ဝိန်းရွန်းနီ ကွင်းလယ်မှာ ဆင်းကစားခဲ့စဉ်အချိန်နဲ့ မိုက်ကယ်ကာရစ်ရဲ့ ကစားပုံတွေဟာ ပေါလ်စခိုးနဲ့ ဆင်တူတယ်လို့လည်း ရက်ရှ်ဖို့ဒ်က သုံးသပ်ပြောပါတယ်။  ပေါလ်စခိုးဟာ မန်ယူနိုက်တက်အသင်းအတွက် စုစုပေါင်း ၇၁၈ ပွဲအထိ ကစားပေးခဲ့ပြီး ပရီးမီးယားလိဂ်ဆုဖလား ၇ ကြိမ် အပါအဝင် ဆုဖလားပေါင်းများစွာ ရယူနိုင်ခဲ့ပါတယ်။
11 months Ago
Up