တိုက်စစ်မှူးမော်ပေး

A d v e r t i s e m e n t With Us

June 21, 2020

အာဆင်နယ်ဂိုးသမား လေနို ဒဏ်ရာရမှုတွင် တိုက်စစ်မှူးမော်ပေး အပြစ်မရှိဟု ဖာဒီနန် သုံးသပ်

အာဆင်နယ်ဂိုးသမား လေနို ပြင်းထန်တဲ့ ဒဏ်ရာရခဲ့မှုမှာ ဘရိုက်တန်တိုက်စစ်မှူး မော်ပေးမှာ အပြစ်မရှိကြောင်း မန်ယူနောက်ခံလူဟောင်း ဖာဒီနန်က သုံးသပ်လိုက်ပါတယ်။  ဘရိုက်တန်နဲ့ အာဆင်နယ်တို့ ကစားခဲ့တဲ့ပွဲ ပွဲချိန် ၄၀ မိနစ်မှာ ဂိုးသမား လေနိုနဲ့ မော်ပေးတို့ ဘောလုံးယှဉ်လုရင်း လေနိုရဲ့ ခြေချင်းဝတ်မှာ ပြင်းထန်တဲ့ ဒဏ်ရာရခဲ့တာပါ။  လေနိုရဲ့ ခြေချင်းဝတ်ဒဏ်ရာဟာ ပြင်းထန်မှုရှိပြီး အနီးကပ်ပြသဖို့ မသင့်တော်တာကြောင့် တိုက်ရိုက်ပြသခဲ့တဲ့ BT Sport ရုပ်သံက မြင်ကွင်းတခုတည်းကိုသာ ပြသခဲ့တယ်လို့သိရပါတယ်။ အဲဒီပွဲစဉ်ကို BT Sport ကနေ သုံးသပ်တင်ဆက်ခဲ့တဲ့ နောက်ခံလူဟောင်း ဖာဒီနန်ကတော့ ဘောလုံးအားကစားဟာ ထိတွေ့ယှဉ်ပြိုင်ရတာဖြစ်လို့  မော်ပေးအပေါ်မှာ အပြစ်တင်လို့မရနိုင်ကြောင်း ပြောပါတယ်။  ဒါ့အပြင် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်းတာမဟုတ်တဲ့အတွက်  မိမိသာ ဘရိုက်တန်ကစားသမားတဦးဆိုရင် မော်ပေးရဲ့ လုပ်ရပ်ကို သဘောကျမှာဖြစ်တယ်လို့ ဖာဒီနန်က ပြောပါတယ်။  လေနိုဟာ ကွင်းထဲကနေ ထမ်းစင်နဲ့ ထွက်သွားစဉ်မှာ မော်ပေးနဲ့ စကားအချေအတင် ဖြစ်ခဲ့ပါတယ်။ ဘရိုက်တန်တိုက်စစ်မှူးမော်ပေးဟာ ပထမပိုင်းအပြီးမှာတော့ ဂိုးသမား လေနိုဆီ သွားပြီး တောင်းပန်စကားဆိုခဲ့တယ်လို့ သိရပါတယ်။  မနေ့ညက ပွဲမှာတော့ အိမ်ရှင် ဘရိုက်တန်က အာဆင်နယ်ကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။
9 months Ago
Up