တိုက်စစ်မှူးမာရှယ်

September 10, 2020

တိုက်စစ်မှူးမာရှယ် လမ်းကြောင်းမှန်ပေါ်ရောက်နေပြီဟု ပြင်သစ်နည်းပြ ချီးကျူး

တိုက်စစ်ကစားသမား မာရှယ်ဟာ ပြောင်းလဲမှုတွေရှိလာပြီး လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလို့ ပြင်သစ်နည်းပြ ဒက်ချမ့်က ချီးကျူးလိုက်ပါတယ်။  မာရှယ်ဟာ ခရိုအေးရှားကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ ခြေစွမ်းပြခဲ့ပြီး  ၂၀၁၈ ခုနှစ် မတ်လနောက်ပိုင်း ပြင်သစ်အသင်းအတွက် ပထမဆုံးအကြိမ် ပွဲထွက်ကစားခွင့်ရ ခဲ့တာလည်းဖြစ်ပါတယ်။  မာရှယ်အနေနဲ့ ပုံမှန်ခြေစွမ်းမရှိခဲ့ဘူးလို့ ပြောတာ မဟုတ်ပေမဲ့ ပြောင်းလဲမှုတွေ ရှိလာတာကို ကွင်းပြင်ပမှာလည်း သတိထားမိတယ်လို့ နည်းပြဒက်ချမ့်က ပြောပါတယ်။  ပွဲကို အဆုံးအဖြတ်ပေးနိုင်တဲ့ စွမ်းဆောင်ရည်ကောင်း ရှိသလို အလွန်သန်မာလာပြီး မှန်ကန် တဲ့ လမ်းကြောင်းပေါ်ရောက်ရှိနေပြီလို့ ဒက်ချမ့်က ချီးကျူးခဲ့ပါတယ်။  မာရှယ်ကတော့ ပြင်သစ်အသင်းအတွက် မကစားရတာကြာပြီဖြစ်လို့ ဒီလိုချိန်မှာ ခြေစွမ်း ပြသနိုင်ခဲ့တာကြောင့် ပျော်ရွှင်ကြောင်း ပြင်သစ်တီဗွီ TF1 နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
1 year Ago
Up