တိုက်စစ်မှူးကာဗာနီ

May 10, 2020

တိုက်စစ်မှူးကာဗာနီ ပီအက်စ်ဂျီနှင့် စာချုပ်သက်တမ်းတိုးဖွယ်ရှိ

တိုက်စစ်မှူး ကာဗာနီဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆုံးဖြတ်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။  ကာဗာနီဟာ ဇွန်လအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး လက်ရှိအချိန်အထိ သက်တမ်းတိုးဖို့ကိစ္စ အဆင်မပြေသေးတာပါ။  ကာဗာနီဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကတည်းက ချဲလ်ဆီးအသင်းဆီ ပြောင်းရွှေ့ဖို့စီစဉ်ခဲ့ပေမယ့် အဆင်မပြေဖြစ်ခဲ့ပါတယ်။  လက်ရှိအချိန်မှာတော့ အသင်းကနေ ထွက်ခွာဖို့ဆန္ဒမရှိတော့ဘဲ စာချုပ်သက်တမ်းတိုးဖို့ ရှိနေတယ်လို့ ပြင်သစ်သတင်စာတွေမှာဖော်ပြခဲ့ပါတယ်။  ပီအက်စ်ဂျီအသင်းအနေနဲ့လည်း အင်တာမီလန်ကနေ အငှားခေါ်ယူထားတဲ့ တိုက်စစ်မှူး အီကာဒီကို အပြီးသတ်ခေါ်ယူမယ်ဆိုရင် ပေါင်သန်း ၆၀ ခန့် ကုန်ကျနိုင်တယ်လို့ဆိုပါတယ်။  ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘဏ္ဍာရေးအင်အားလျော့နည်းချိန်မှာ အီကာဒီ အတွက် ပေါင်သန်း ၆၀ အကုန်ကျခံမယ့်အစား ကာဗာနီကိုပဲ စာချုပ်သက်တမ်းတိုးဖို့ ပြင်ဆင်ထားတယ်လို့သိရပါတယ်။  ကာဗာနီကိုခေါ်ဖို့ အင်တာမီလန်နဲ့ အက်သလက်တီကို အသင်းတွေက စိတ်ဝင်စားနေဆဲ ဖြစ်ပါတယ်။ 
1 year Ago
Up