တိုက်စစ်မှူး

November 24, 2022

ဇန်နဝါရီအပြောင်းအရွှေ့တွင် တိုက်စစ်မှူး ၁ ဦး မန်ယူခေါ်ယူမည်

မန်ယူအသင်းဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ တိုက်စစ်မှူးတယောက် ခေါ်ယူသွားဖို့ ပြင်ဆင်နေပါတယ်။

စီရော်နယ်ဒိုကို စာချုပ်ဖျက်သိမ်းလိုက်ပြီးနောက် သူ့နေရာမှာ အစားထိုးဖို့ တိုက်စစ်မှူးတယောက်ကို ခေါ်ယူဖို့ ရှာဖွေနေပြီး ကာလတိုစာချုပ်နဲ့ ခေါ်ယူဖို့ရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတုန်းကလည်း နိုင်ဂျီးရီးယားတိုက်စစ်မှူး အီဂါလိုကို ကာလတိုစာချုပ်နဲ့ ခေါ်ယူခဲ့ဖူးပါတယ်။

ရေရှည်အတွက် ပီအက်စ်ဗွီအသင်းက ဟော်လန်လက်ရွေးစင်တိုက်စစ်မှူး ဂတ်ပိုကို ခေါ်ယူဖို့ မန်ယူအသင်းက ပြီးခဲ့တဲ့နွေရာသီကတည်းက ကြိုးပမ်းခဲ့ဖူးပါတယ်။

လာမယ့်ဇန်နဝါရီမှာလည်း ဂတ်ပိုကိုခေါ်ယူဖို့ ကြိုးစားလာနိုင်ခြေရှိကြောင်း ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။

2 weeks Ago

November 2, 2022

အင်္ဂလန်အသင်းအတွက် ပဏာမ ၅၅ ဦးစာရင်းတွင် တိုက်စစ်မှူးဝဲလ်ဘက်ခ်လည်း ပါဝင်

ကမ္ဘာ့ဖလားယှဉ်ပြိုင်ရမယ့် အင်္ဂလန်အသင်းအတွက်  ပဏာမ ကစားသမား ၅၅ ယောက်စာရင်းမှာ ဘရိုက်တန်တိုက်စစ်မှူး ဒမ်နီဝဲလ်ဘက်ခ်လည်း ပါဝင်လာပါတယ်။

နည်းပြ ဆောက်ဂိတ်ဟာ ၂၀၁၈ နောက်ပိုင်း ရွေးချယ်ခြင်းမခံရတော့တဲ့ တိုက်စစ်မှူးဝဲလ်ဘက်ခ်ကို ပဏာမ ၅၅ ဦး လူစာရင်းမှာ ထည့်သွင်းခဲ့တာပါ။

ဝဲလ်ဘက်နဲ့အတူ ဘရိုက်တန်ခံစစ်မှူး လူးဝစ်ဒမ့်၊ လက်စတာ ကမက်ဒီဆန်၊ ခရစ္စတယ်ပဲလေ့က အီဇီ၊ နယူးကာဆယ်တိုက်စစ်မှူး ဝီလ်ဆင် တို့လည်းပါဝင်တယ်လို့ သိရပါတယ်။

နည်းပြဆောက်ဂိတ်ဟာ လက်ရွေးစင်အသင်းအတွက်  အပြီးသတ် ၂၆ ယောက် စာရင်းကိုလည်း မကြာခင်ထုတ်ပြန်သွားရမှာဖြစ်ပြီး တိုက်စစ်ပိုင်းမှာတော့ အပြောင်းအလဲတွေရှိလာနိုင်ပါတယ်။

မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်နဲ့ ဆန်ချိုတို့ကို  ပြီးခဲ့တဲ့နိုင်ငံတကာရက်သတ္တပတ်တုန်းက ချန်လှပ်ခဲ့ဖူးပြီး ခြေစွမ်းပြနေတဲ့ ရက်ရှ်ဖို့ဒ်ကတော့ အသင်းလူစာရင်းမှာ ပြန်ပါဝင်လာဖို့ရှိပါတယ်။

1 month Ago
More News
Up