တိုက်ခိုက်မှု

A d v e r t i s e m e n t With Us

December 31, 2020

ယီမင်နိုင်ငံ အေဒင်လေဆိပ် တိုက်ခိုက်မှုတွင်  ၁၃ ဦး ထက်မနည်း သေဆုံး

ယီမင်နိုင်ငံ အေဒင်လေဆိပ်မှာ ဒီဇင်ဘာလ ၃၀ ရက်က တိုက်ခိုက်မှု တစ်ခုအတွင်း  ၁၃ ယောက် ထက်မနည်း သေဆုံးပြီး ဒါဇင်ကျော် ဒဏ်ရာရခဲ့ပါတယ်။  အသစ်ဖွဲ့စည်းလိုက်တဲ့ ဆော်ဒီကျောထောက်နောက်ခံပြု အစိုးရအဖွဲ့ကို တင်ဆောင်လာတဲ့ လေယာဉ် ဆိုက်ပြီး နောက်မှာ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာပါ။  လေယာဉ်ဆိုက်ပြီး မကြာခင်မှာပဲ ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေနဲ့ သေနတ်သံတွေကို ကြားရတယ်လို့ မျက်မြင်တွေက ဆိုပါတယ်။ လေဆိပ်ခန်းမဆောင်အတွင်း မော်တာကျည် ၃ ခု ကျရောက် ပေါက်ကွဲခဲ့တယ်လို့လည်း လုံခြုံရေး သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။ လေဆိပ်တိုက်ခိုက်မှု ဖြစ်ပြီး နာရီပိုင်းအကြာမှာတော့ မားရှက်သမ္မတနန်းတော်အနီးမှာ ဒုတိယအကြိမ် ပေါက်ကွဲသံကို ကြားရပါတယ်။ ဒါကြောင့် ဝန်ကြီးချုပ် မန်းအဗ္ဗဒူမာလစ် အပါအဝင် အစိုးရအဖွဲ့ဝင်တွေနဲ့ ယီမင်ဆိုင်ရာ ဆော်ဒီသံအမတ်ကြီးကို ဘေးလွတ်ရာ ခေါ်သွားရတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။  တိုက်ခိုက်မှုကို ဘယ်သူလုပ်တယ်ဆိုတာ ထုတ်ဖော် ပြောကြားတာ မရှိဘူးလို့လည်း ရိုက်တာသတင်းမှာ ရေးပါတယ်။ 
2 months Ago

June 23, 2020

အေအေအဖွဲ့၏တိုက်ခိုက်မှုကြောင့် နယ်ခြားစောင့်ရဲ ၃ ဦးနှင့် အရပ်သား ၁ ဦးသေဆုံး

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ အေအေအဖွဲ့ရဲ့ ချောင်းမြောင်းတိုက်ခိုက်မှုကြောင့် နယ်ခြားစောင့်ရဲ ၃ ဦးနဲ့ အရပ်သား ၁ ဦးသေဆုံးပြီး နယ်ခြားစောင့်ရဲ့ ၄ ဦးနဲ့ အရပ်သား ၁ ဦး ဒဏ်ရာရသွားတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။  ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ကျေးရွာအနီး မောင်တော-အငူမော်ကားလမ်းမှာ အေအေအဖွဲ့က မိုင်းထောင်၊ မိုင်းဆွဲတိုက်ခိုက်မယ်လို့  သတင်းရရှိလို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေက အင်းဒင်ရဲကင်းစခန်းမှ မော်တော်ယာဉ်တွေနဲ့ ထွက်ခွာလာခဲ့ရာမှာ  ဇွန်လ ၂၂ ရက် ညနေ ၅ နာရီ ၂၀ မိနစ်လောက်က ကိုးတန်ကောက်ကျေးရွာအနီးမှာ  အေအေအဖွဲ့က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဆိုပါနေရာမှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးကာ ရဲတပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာရရှိခဲ့တဲ့အပြင်  အရပ်သား ယာဉ်မောင်း ၁ ဦး သေဆုံးခဲ့ပြီး ယာဉ်နောက်လိုက် ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ တိုက်ပွဲဖြစ်တဲ့နေရာကို တပ်မတော်စစ်ကြောင်းတွေက အချိန်မီ သွားရောက် ပူးပေါင်း စစ်ကူပစ်ကူဆောင်ရွက်ပေးခဲ့ပြီး ဆုတ်ခွာထွက်ပြေးသွားတဲ့ အေအေအဖွဲ့တွေကို  လိုက်စစ်ဆင် နေတယ်လို့ တပ်မတော် သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ဓာတ်ပုံ- CINCDS
9 months Ago
More News
Up