တိုက်ကြီး၊ ခရမ်းနှင့် ဒလ

April 15, 2017

တိုက်ကြီး၊ ခရမ်းနှင့် ဒလ တွင် လေပြင်းတိုက်ပြီး နေအိမ်ပြိုကျပျက်စီး

ရန်ကုန်တိုင်းအတွင်းရှိ တိုက်ကြီး၊ ခရမ်းနဲ့ ဒလ စတဲ့ မြို့နယ် ၃ ခုမှာ ဧပြီ ၁၄ ရက်က မိုးရွာပြီး လေပြင်းတိုက်ခဲ့လို့ နေအိမ်ပြိုကျပျက်စီးမှုများ ဖြစ်ပွားခဲ့ပါတယ်။ လေပြင်းတိုက်ခတ်မှုကြောင့် ခရမ်းမြို့နယ် ဘုရားပျိုရွာအုပ်စု၊ စက်ကလေးစုကျေးရွာ အရှေ့ဖျားရှိ နေအိမ် ၅ လုံး၊ တိုက်ကြီးမြို့နယ် ဖက်ဝန်းကုန်းရွာရှိ နေအိမ် ၅ လုံး၊ ဘေးမဲ့ရွာရှိ နေအိမ် ၉ လုံး၊ ဒလမြို့နယ် ပျော်ဘွယ်ကြီးကျေးရွာရှိ ပြင်ပလူနာဆောင် ၁ လုံးတို့ အမိုးများလန်ပြီး ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ ဓာတ်ပုံ - Yangon Police
4 years Ago
Up