တိုက်လေယာဉ်များ

December 16, 2016

တိုက်လေယာဉ်များ တပ်တော်ဝင်အခမ်းအနား၌ စစ်ရေးပြပျံသန်းစဉ်(ဓာတ်ပုံ)

မြန်မာတပ်မတော် (လေ)ရဲ့ ၆၉နှစ်မြောက်နှစ်ပတ်လည်နေ့နဲ့  အသစ်ဝယ်ယူ အင်အားဖြည့် တင်းထားတဲ့ စစ်လေယာဉ်/ရဟတ်ယာဉ်တွေ တပ်တော်ဝင်အခမ်းအနားကို မိတ္ထီလာတပ်နယ်ရှိ လေကြောင်းအတတ်သင် လေတပ်စခန်း ဌာနချုပ်မှာ မနေ့ကကျင်းပပါတယ်။ အခမ်းအနားမှာ Beech 1900 D အမျိုးအစား စစ်လေယာဉ် ၄ စီးနဲ့  EC 120 B ရဟတ်ယာဉ် ၄ စီးတို့ အပါအ၀င် လေယာဉ်အမျိုးအစား ၆ မျိုး စုစုပေါင်းလေယာဉ် ၅၅ စီး၊ ရဟတ်ယာဉ်အမျိုးအစား ၄ မျိုး၊ စုစုပေါင်းရဟတ်ယာဉ် ၁၄ စီးတို့ကို တပ်မတော်(လေ) ကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ ဒုတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက သာလွန်တဲ့ လေကြောင်းစွမ်းအား ရရှိရေးအတွက် ခေတ်မီလေတပ်မတော်ကို တည်ထောင်ရမှာဖြစ်ပြီး တပ်မတော်(လေ)ရဲ့ လေကြောင်းစွမ်းပကား မြှင့်တင်ရေးအတွက် ခေတ်မီနည်းပညာသုံး လေယာဉ်/ရဟတ်ယာဉ်တွေ စက်ပစ္စည်း၊ လက်နက်ကိရိယာတွေ ဖြည့်တင်း တပ်ဆင်ရေးနဲ့အတူ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း စဉ်ဆက်မပြတ် ကြိုးပမ်းလုပ်ဆောင်သွားရမယ်လို့ ပြောပါတယ်။ အခမ်းအနားမှာ စစ်လေယာဉ်နဲ့  ရဟတ်ယာဉ်တွေက  သရုပ်ပြအုပ်ဖွဲ့ပျံသန်း အလေးပြုတာနဲ့ ကျွမ်းထိုးသရုပ်ပြပျံသန်းတာတွေပြုလုပ်ပြီး စစ်ရေးပြသွားခဲ့ပါတယ်။
5 years Ago
Up