စစ်တပ်သုံး တိုက်လေယာဉ်တစင်းထက် လူတယောက်ဟာ ပိုမြန်အောင်ပြေးနိုင်ဖို့ဆိုတာ တကယ်တော့ စွန့်စားခန်းတခုလိုပါပဲ။
ဒါပေမယ့် တရုတ်တာတိုအပြေးသမားတဦးကတော့ ဒီစိန်ခေါ်မှုကို လက်ခံပြီး တကယ့်ကို နိုင်အောင် ပြေးပြခဲ့ပါပြီ။
သူတို့ဟာ မီတာ ၅၀ အကွာအဝေးမှာ ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး အနီရောင်အားကစားဝတ်စုံ ဝတ်ဆင်ထားတဲ့ အပြေးသမားဟာ အဆင်သင့် စောင့်ဆိုင်းနေခဲ့တာကို တွေ့ရပါတယ်။
စတင်ယှဉ်ပြိုင်ဖို့ သေနတ်ဖောက် အချက်ပေးလိုက်ချိန်မှာတော့ တာတိုအပြေးသမားရော၊ တိုက်လေယာဉ်ပါ ပြေးလမ်းပေါ်မှာ အတူပြိုင်ခဲ့ကြတာကို တွေ့ရမှာပါ။
ဒါပေမယ့် သက်လုံကောင်းကောင်းနဲ့ စနစ်တကျ လေ့ကျင့်ထားပုံရတဲ့ အပြေးသမားဟာ ပန်းတိုင်ကို လေယာဉ်ထက် ပိုမြန်တဲ့အလျင်နဲ့ ဦးဆောင်ပန်းဝင်ခဲ့တာကို တွေ့ရပါတယ်။
လက်ရှိမှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေခဲ့ပြီး သူ့ကို ဂျက်ထက်မြန်တဲ့ ခြေထောက်ပိုင်ရှင်အဖြစ် ချီးကျူးနေကြပါတယ်။
6 years Ago