တိုက်လေယာဉ်

A d v e r t i s e m e n t With Us

January 12, 2019

ထိုင်းကလေးများနေ့တွင် တိုက်လေယာဉ်များ မောင်းနှင်ပြသ (ရုပ်သံ)

ဇန်န၀ါ ၁၂ ရက်နေ့ ဒီနေ့ကျရောက်တဲ့ ထိုင်းနိုင်ငံရဲ့ ကလေးများနေ့ တိုက်လေယာဉ်တွေ မောင်းပြသခဲ့တယ်လို့ သိရပါတယ်။ ထိုင်းကလေးများနေ့ အခမ်းအနား၊ ပျော်ပွဲရွှင်ပွဲတွေကို နေရာအနှံ့အပြား ကျင်းပရာမှာ ထိုင်းအမျိုးသားလေတပ်က ကျင်းပတဲ့ ပွဲတွေမှာတော့ လေကြောင်းတိုက်ခိုက်ရေး လေယာဉ်တွေ၊ လ က်နက်ခဲ ယမ်းအမြှောက်တွေ ပြသထားတာက ထူးခြားမှုတခု ဖြစ်ပါတယ်။ ဘန်ကောက် ဒွန်းမောင်းလေဆိပ်မှာ AU - 23A / F-5 / F-6 နဲ့ နောက်ဆုံးပေါ် T-50TH အမျိုးအစားလေယာဉ်တွေပါ ပြသထားပြီး လေယာဉ်ပျံသန်းစဉ် အိတ်ဇောပေါက်ကနေ ရောင်စုံ မီးခိုးငွေ့တန်းတွေ မှုတ်ထုတ်ပြီး သက်တံ့ပုံ၊ ထိုင်းအလံပုံကိုပုံကို ဖော်ပြသွားပါတယ်။ ဒါ့အပြင် လေယာဉ်ပုံစံ အမျိုးမျိုးပါတဲ့ အရုပ်ဆေးရောင်စုံခြယ်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေ ဋိဖြေဆိုပွဲလည်း ကျင်းပခဲ့ပါတယ်။ ကလေးတွေအနေနဲ့ လေကြောင်းဆိုင်ရာ ဗဟုသုတအပြင် မိမိနိုင်ငံရဲ့ ခေတ်မီဖွံ့ဖြိုးတိုး တက်မှုကို သိရှိစေလိုတဲ့အတွက် အခုလို စီစဉ်ပြသရခြင်းဖြစ်ကြောင်း ထိုင်းလေကြောင်းတပ်က ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ချုပ်ကြီး ဖုန်းဆစ် ဆေမာချိုင်းက သတင်းထောက်တွေကိုပြောပါတယ်။ ချင်းမိုင်က အမှတ် ၄၁ လေတပ်စခန်းမှာလည်း လေကြောင်းတိုက်ခိုက်ရေး သရုပ်ပြခဲ့ပြီး ကလေးတွေအနေနဲ့ လေယာဉ်ပျံနဲ့ အမြှောက်တွေ၊ သေနတ်တွေ၊ ကျည်ဆန်တွေကို  အနီးကပ်ကိုင်တွယ်ကြည့်ရှုခွင့်၊ လေယာဉ်မောင်းသူနေရာမှာ ခဏတာထိုင်ပြီး စတီယာရင်ကိုင်ခွင့် တွေရခဲ့ပါတယ်။
2 years Ago

December 23, 2018

ရုရှား တိုက်လေယာဉ် တဒါဇင်ကျော် ခရိုင်းမီးယားဒေသသို့ ရောက်ရှိ

ရုရှားလုပ် SU-27 နဲ့ SU-30 တိုက်လေယာဉ် အစီးရေ တဒါဇင်ကျော်ဟာ ခရိုင်းမီးယား ဒေသဆီ ဒီဇင်ဘာ ၂၂ ရက်က ရောက်လာပါတယ်။ ယူကရိန်းနဲ့ ဆက်ဆံရေးတင်းမာမှု တိုးနေချိန်မှာပဲ ဒေသတွင်းမှာ လေတပ်အင်အား တိုးမြှင့်ဖို့ ရုရှားအစိုးရက တပ်ဖြန့်ခဲ့တာပါ။ ယူကရိန်းနိုင်ငံအတွင်း အကြမ်းဖက်ဆန္ဒပြပွဲတွေနဲ့ လမ်းပေါ် ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်အပြီး ရုရှားလိုလားတဲ့ ယူကရိန်းသမ္မတ ဗစ်တာယာနူကိုဗစ်ခ်ျဟာ ယူကရိန်းကနေ ထွက်ပြေးရ ပြီးတဲ့နောက် ၂၀၁၄ ခုနှစ်မှာ ရုရှားက ယူကရိန်းရဲ့ ခရိုင်းမီးယားဒေသကို ကျူးကျော် သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီဒေသထဲက ဘဲလ်ဘက်ခ် လေတပ်စခန်းကို တိုက်လေယာဉ် ၂ စီး ဆိုက်ရောက် လာတာကို ရိုက်တာသတင်းဌာနရဲ့ သတင်းထောက်က မြင်ခဲ့တာပါ။ အရင်လက ရုရှားအစိုးရဟာ ပင်လယ်နက်ထဲမှာ ခုတ်မောင်းနေတဲ့ ယူကရိန်း ရေတပ်သင်္ဘော ၃ စီးနဲ့ ဝန်ထမ်းတွေကို ဖမ်းဆီးခဲ့လို့ ယူကရိန်းနဲ့ရုရှားကြား ဆက်ဆံရေး ပိုပြီး တင်းမာခဲ့ပါတယ်။ ယူကရိန်းဟာ ခရိုင်းမီးယားကို ဒီနှစ်မကုန်ခင် ကျူးကျော်ဖို့ ပြင်ဆင်နေတယ်လို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂီလာ့ဗ်ရော့ဗ်က စွပ်စွဲ ပြောဆို ထားပါတယ်။
2 years Ago
More News
Up