တိုက်ပွဲများ

April 14, 2019

လစ်ဗျားနိုင်ငံ တောင်ပိုင်းတွင် တိုက်ပွဲများ ပြင်းထန်ဆက်လက်ဖြစ်ပွားနေ

လစ်ဗျားနိုင်ငံမှာ ကုလသမဂ္ဂက အသိအမှတ်ပြုထားတဲ့ GNA အစိုးရရဲ့ တိုက်ခိုက်ရေးသမားတွေနဲ့  ဗိုလ်ချုပ်ကြီး ခါလီဖှာဟဲ့ဖှ်တာရဲ့ လစ်ဗျား အမျိုးသား စစ်တပ် LNA တပ်တွေအကြား နိုင်ငံတောင်ပိုင်းက အိန်ဆာရာ မြို့ထဲမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ GNA တိုက်ခိုက်ရေးသမားတွေက ဘုရားသခင်က ကြီးမြတ်တယ်လို့ ဟစ်ကြွေးရင်း LNA တပ်တွေကို စက်သေနတ်တွေနဲ့ ပစ်ခတ်နေကြပါတယ်။ ဧပြီ ၁၂ ရက်က တိုက်ပွဲအတွင်း အရပ်သား ၁၇ယောက်နဲ့ တိုက်ခိုက်ရေးသမား အများစု အပါအဝင် လူ ၇၅ယောက် သေဆုံးပြီး  ၃၂၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ လူအယောက် ၁၄၀၀၀ လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသလို  ပဋိပက္ခကြောင့် ရေနံဖြန့်ဖြူးမှု အနှောက်အယှက် ဖြစ်ခဲ့ပြီး ဥရောပဆီ ရွှေ့ပြောင်းနေထိုင်မှု တိုးလာမယ့် ဘေးကို ရင်ဆိုင်နေရပါတယ်။ အစ္စလာမစ် စစ်သွေးကြွတွေက လစ်ဗျားနိုင်ငံရဲ့ ဗရမ်းဗတာ အခြေအနေကို အခွင့်အရေး ယူမှာကိုလဲ စိုးရိမ်နေကြပါတယ်။ လစ်ဗျားအာဏာရှင်ဟောင်း ကဒါဖီကို သူ့ဗိုလ်ချုပ်ကြီးဟောင်း ဟဲ့ဖှ်တာက တော်လှန်အပြီး သူ့တပ်ကို နိုင်ငံအရှေ့ပိုင်းက ရေနံကြွယ်ဝတဲ့ ကန္တာရဆီ ဒီနှစ် အစောပိုင်းက ရွှေ့ခဲ့တာပါ။ အဲဒီနောက် ဧပြီ အစောပိုင်းမှာ မြို့တော် ထရီပိုလီဆီကို ထိုးစစ်ဆင်ခဲ့ပါတယ်။ ဓာတ်ပုံ- ရိုက်တာ
2 years Ago

March 21, 2019

တိုက်ပွဲများလျော့ချရေးအပါအ၀င် အချက် ၅ ချက် သဘောတူညီမှုရရှိ

တိုက်ပွဲတွေလျော့ချရေး ဆက်လက်ညှိနှိုင်းကြိုးပမ်းကြဖို့ အပါအ၀င် အချက် ၅ ချက်ကို အန်စီအေ လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့နဲ့  အစိုးရအကြား သဘောတူညီမှု ရရှိသွားပါတယ်။ မတ်လ  ၂၁ ရက် ဒီနေ့မနက်  နေပြည်တော်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နဲ့ NCA-NS EAO တိုင်းရင်းသားလက်နက်ကိုင် ၈ဖွဲ့က ကိုယ်စားလှယ်တွေ  တွေ့ဆုံဆွေးနွေး သဘောတူညီမှု ရရှိခဲ့တာပါ။ သဘောတူညီချက် ၅ ချက်ထဲမှာ လက်ရှိဖြစ်ပွားနေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေ လျော့ချနိုင်ဖို့ ဆက်လက်ညှိနှိုင်းကြိုးပမ်းရန်၊  တနိုင်ငံလုံး တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းနိုင်ဖို့ ဆက်ကြိုးပမ်းရန်၊ ဒေသဖွံ့ဖြိုးရေးနဲ့ ဒေသခံပြည်သူတွေအရေ အလေးထားဆောင်ရွက်ရန်၊  နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းရန်နဲ့ နှစ်ဖက် အဆုံးအဖြတ် ပေးနိုင်မယ့် ပုဂ္ဂိုလ်တွေ ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဆက်လုပ်သွားဖို့ ပါဝင်ပါတယ်။ ငြိမ်းချမ်းရေးကော်မရှင်  ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းကတော့ လက်နက်ကိုင်ပြီး အခွင့်အရေးတွေ တောင်းဆိုနေမယ့်အစား နိုင်ငံရေးစားပွဲဝိုင်းကို လာရောက်ကြဖို့ ဖိတ်ခေါ် ကမ်းလှမ်းလိုက်ပြီး အန်စီအေလမ်းကြောင်းနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်လာဖို့ အစိုးရနဲ့ တပ်မတော်က ငြိမ်းချမ်းရေးတံခါးကို အမြဲတမ်း ဖွင့်ထားတယ်လို့ ဆွေးနွေးပွဲအဖွင့် ပြောကြားသွားပါတယ်။ ဆွေးနွေးပွဲကို ‘၀’ ပြည်သွေးစည်းညီညွှတ်ရေးပါတီ (UWASP)၊ ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့(KIO)၊  ရှမ်းပြည်အရှေ့ပိုင်းငြိမ်းချမ်းရေးနဲ့ စည်းလုံးရေးကော်မတီ (PSC)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ မြန်မာနိုင်ငံ အမှန်တတရားနဲ့ တရားမျှတသော အမျိုးသားပါတီ(MNTJP)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF)၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) နဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)  အဖွဲ့တွေက ကိုယ်စားလှယ်တွေ ပါဝင်တက်ရောက်ပါတယ်။ ဒီအဖွဲ့တွေအနေနဲ့  မတ်လ ၂၂ ရက်မှာ တပ်မတော်ကိုယ်စားလှယ်တွေနဲ့ နေပြည်တော်မှာ တွေ့ဆုံပြီး တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေကိုလည်း  ဆွေးနွေးသွားဖို့ရှိပါတယ်။
2 years Ago
Up