မန်ယူတိုက်စစ်မှူး ရွန်းနီကို ရောင်းချသွားမှာ မဟုတ်ဘူးလို့ နည်းပြ မော်ရင်ဟိုက ပြောကြားလိုက်ပါတယ်။
ရွန်းနီကို တရုတ်ကလပ်နဲ့ အမေရိကန်ကလပ်များက စိတ်ဝင်စားနေသည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်နေတာနဲ့ ပတ်သက်ပြီး Sky Sports ရဲ့ မေးမြန်းချက်ကို ဖြေကြားခဲ့တာပါ။
အသင်းရဲ့ အမှတ်တံဆိပ် ကစားသမားတဦး ဖြစ်သလို အသင်းနဲ့အတူ သမိုင်းသစ်တွေ ရေးထိုးထားတဲ့ ကစားသမားတယောက်ကို ရောင်းချဖို့ သူ့အနေနဲ့ မစဉ်းစားဘူးလို့ ပြောသွားပါတယ်။
၃ ပွဲဆက် အရန်ခုံပို့ထားခဲ့တဲ့ ရွန်းနီအတွက် စိတ်မကောင်းကြောင်းနဲ့ သူ့အတွက် အရမ်းကို ခက်ခဲသလို ကျနော့်အတွက်လည်း ဆုံးဖြတ်ရတာ အရမ်းခက်ခဲပါတယ်လို့ မော်ရင်ဟိုက ပြောပါတယ်။
အဲဒီဆုံးဖြတ်ချက်က ရက်စက်သလို ဖြစ်နေနိုင်ပြီး သေချာတာကတော့ အားလုံးက အသင်းအတွက် ကြိုးစားနေကြတာပါလို့လည်း မော်ရင်ဟိုက ပြောဆိုသွားပါတယ်။
6 years Ago