တိုက်ဂါးဝုဒ် ပြော

April 8, 2018

ဒဏ်ရာပြန်ကောင်းလာသည့်အပေါ် ကျေနပ်မိကြောင်း တိုက်ဂါးဝုဒ် ပြော

  အကောင်ဆုံး လက်စွမ်းမရေသေးပေမယ့် ဒဏ်ရာပြန်ကောင်းလာတဲ့အပေါ်မှာတော့ ကျေနပ်မိတယ်လို့ အမေရိကန် ဂေါက်သီးသမား တိုက်ဂါးဝုဒ်က ပြောကြားလိုက်ပါတယ်။ အသက် ၄၂ နှစ်ရှိ တိုက်ဂါးဝုဒ်ဟာ အမေရိကန်မှာကျင်းပနေတဲ့ မာစတာ ပြိုင်ပွဲမှာ ပုံစံကောင်းပြသနိုင်ခြင်းမရှိသေးဘဲ စနေနေ့ရိုက် ချက်တွေပြီးဆုံးချိန်အထိ အဆင့် ၄၀ နားအထိ ရောက်ရှိနေတာပါ။ အခုပြိုင်ပွဲမှာ လိုအပ်ချက်တွေ ရှိသေးပေမယ့် လွန်ခဲ့တဲ့ ၆ လ လောက်က ကျောဒဏ်ရာ ခွဲစိတ်ကုသခဲ့ရလို့ ဂေါက်သီးပြန်ကစားရလိမ့်မယ်လို့တောင် မတွေးမိခဲ့ဘူးလို့ တိုက်ဂါးဝုဒ်က ဆိုပါတယ်။ တိုက်ဂါးဝုဒ်အနေနဲ့ ကျောဒဏ်ရာ ကနေသက်သာလာပြီးနောက်ပိုင်း ကစားတဲ့  PGA ၃ ပွဲမှာ အဆင့် ၁၂၊ အဆင့် ၂ နဲ့ အဆင့် ၅ တွေမှာ ရပ်တည်ခဲ့ပါတယ်။
4 years Ago
Up