တိုက်ခိုက်နိုင်သည့် ရိုဘော့စက်ရုပ် ရေပန်းစား

A d v e r t i s e m e n t With Us

May 31, 2016

တိုက်ခိုက်နိုင်သည့် ရိုဘော့စက်ရုပ် ရေပန်းစား (ရုပ်သံ)

တရုတ်နိုင်ငံ၊ ဘေကျင်းမြို့မှာ ကျင်းပနေတဲ့ လေးကြိမ်မြောက် နိုင်ငံတကာ ကုန်သွယ်ရေး ၀န်ဆောင်မှုဆိုင်ရာ ပြပွဲမှာ တိုက်ခိုက်ရေး ရိုဘော့စက်ရုပ်တွေဟာ လူကြည့်များ ရေပန်းစားနေပါတယ်။ ဒီပြပွဲမှာ ရိုဘော့စက်ရုပ် နည်းပညာ အဆင်ြ့မှင့်တင်မှုအတွက် ခုလို ထည့်သွင်းပြသခဲ့တာပါ။ ခုပြသထားတဲ့ တိုက်ခိုက်ရေး ရိုဘော့စက်ရုပ်ဟာ လျှင်မြန်တဲ့အရှိန်နဲ့ ရွေ့လျားနိုင်ပြီး ရှောင်တိမ်းနိုင်၊ ငုံ့နိုင် ထိုးနှက်တိုက်ခိုက်နိုင်ပါတယ်။ ဒီတိုက်ခိုက်ရေးစက်ရုပ်ကို ဟောင်ကောင်အခြေစိုက် တီထွင်သူ အုပ်စုတစုက ပြသခဲ့တာဖြစ်ပြီး သူတို့အနေနဲ့ အရင်ကလည်း တိုက်ခိုက်ရေးဆိုင်ရာ ရိုဘော့စက်ရုပ် ပြိုင်ပွဲတွေမှာ ပါဝင်ခဲ့ဖူးတယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ တီထွင်သူ ဒီဇိုင်းပညာရှင် ကိသ်ယန်က ကျောင်းသားတွေအနေနဲ့ ရိုဘော့နည်းပညာကို ငယ်ရွယ်ချိန်တည်းက လေ့လာသင့်တယ်လို့ အကြံပြု ပြောဆိုလိုက်ပါတယ်။ ကလေးငယ်တွေဟာ နည်းပညာနဲ့အတူ ဘယ်လိုအလုပ်လုပ်သလဲဆိုတာတွေ၊ အတွင်းပိုင်း လျှပ်စစ်ပစ္စည်း ထည့်သွင်းမှုတွေ ဘယ်လိုတည်ဆောက်သလဲ ဆိုတာတွေနဲ့ ကိုယ်တိုင်တပ်ဆင် တည်ဆောက်မှုတွေနဲ့ လက်ပွန်းတတီး ရှိနေသင့်တယ်လို့ သူက ပြောပါတယ်။ ဒီပွဲကို တက်ရောက်လာကြတဲ့ တီထွင်သူတွေအနေနဲ့ အချင်းချင်း သိပ္ပံနဲ့ နည်းပညာ၊ ယဉ်ကျေးမှုဆိုင်ရာ၊ တိုးတက်တီထွင်မှုဆိုင်ရာ ကိစ္စတွေမှာ ပူးပေါင်းပြီး ဆွေးနွေးဖလှယ်နိုင်ကြမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
5 years Ago
Up