တိုက်ခိုက်ခံရ

September 29, 2018

တိုက်ခိုက်ခံရမှုကြောင့် ဖေ့စ်ဘွတ်ခ်အကောင့် သန်း ၅ဝ အပေါ် သက်ရောက်ခဲ့

လုံခြုံရေးချို့ယွင်းမှုတခုကြောင့် ဖေ့စ်ဘွတ်ခ်သုံးစွဲသူ သန်း ၅ဝ နီးပါးရဲ့ အကောင့်တွေ အပေါ် သက်ရောက်မှုရှိခဲ့ပြီး တိုက်ခိုက်သူတွေက အဲဒီအကောင့်တွေကို ထိန်းချုပ်မှုရှိခဲ့တယ်လို့ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီက  စက်တင်ဘာ ၂၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ အဲဒီကတည်းက တိုက်ခိုက်ခံရနိုင်တဲ့ အကောင့်တွေကို လုံခြုံမှုရှိအောင် ပြန်လုပ်ထားပြီး သက်ဆိုင်ရာ အာဏာပိုင်တွေကိုလည်း ဒီလိုတိုက်ခိုက်ခံရတာကို အကြောင်းကြားပြီးပြီလို့ ဖေ့စ်ဘွတ်ခ်က ပြောပါတယ်။ တိုက်ခိုက်သူတွေဟာ ဖေ့စ်ဘွတ်သုံးစွဲသူတွေအနေနဲ့ ကိုယ့်အကောင့်ကို တခြားလူတွေ ဝင်ကြည့်တဲ့အခါ မြင်ရမယ့်ပုံစံကို ပြသတဲ့ View As လုပ်ဆောင်ချက်ကနေတဆင့် ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်နိုင်တဲ့သင်္ကေတတွေကို ခိုးယူသွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် သက်ရောက်မှုရှိခဲ့တဲ့ အကောင့်တွေဟာ တိုက်ခိုက်သူတွေလက်ထဲ ပါသွားတာမျိုးတော့ မတွေ့ရသေးဘူးလို့ ဖေ့ဘွတ်ခ် အမှုဆောင်ချုပ် မာ့ခ်ဇတ်ကာဘတ်က သူ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသားထားပါတယ်။ လက်ရှိမှာ ဖေ့စ်ဘွတ်ခ်ဟာ အဲဒီ View As လုပ်ဆောင်ချက်ကို ပိတ်ထားလိုက်ပြီဖြစ်ပြီး တိုက်ခိုက်ခံရမှု အန္တရာယ်ရှိတဲ့ ဖေ့ဘွတ်ခ်အကောင့်သုံးပြီး ဝင်ထားတဲ့ App တွေကိုရော၊ ဖေ့စ်ဘွတ်ခ်အကောင့်ကိုရော log out နဲ့ထွက်ပြီး ပြန်ဝင်ကြဖို့ ဖေ့ဘွတ်ခ်ကုမ္ပဏီက တိုက် တွန်းထားပါတယ်။
3 years Ago

September 24, 2018

အီရန်စစ်ရေးပြပွဲတွင် တိုက်ခိုက်ခဲ့သည့် လူ ၃ ဦး ရုပ်သံဖိုင် ထုတ်ပြန်

အီရန်စစ်ရေးပြပွဲ တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ လူ ၃ ဦးရဲ့ ရုပ်သံဖိုင်ကို အိုင်အက်စ်အဖွဲ့ရဲ့ အမတ်သတင်းဌာနက စက်တင်ဘာ ၂၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ရုပ်သံဖိုင်ထဲမှာ  သူတို့က တိုက်ခိုက်မှု လုပ်ဆောင်ဖို့ သွားရောက်နေတယ်ဆိုပြီး ပြောပါတယ်။ အဲဒီထဲက တဦးက  သူတို့ဟာ မွတ်စလင်တွေဖြစ်ပြီး သူတို့သွားရောက်တိုက်ခိုက်မယ့် သူတွေဟာ မိစ္ဆာဒိဋ္ဌိတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် သူတို့ဟာ အဲဒီမိစ္ဆာဒိဋ္ဌိတွေကို ပြောက်ကျားစစ် ဆင်နွှဲမယ်ဆိုပြီး ပြောခဲ့ ပါတယ်။ အာဗက်စ်အမျိုးသားတော်လှန်ရေး လှုပ်ရှားမှုကလည်း ဒီတိုက်ခိုက်မှုကို သူတို့ လုပ်ဆောင်တယ်လို့ ပြောထားပါတယ်။ အခုချိန်ထိတော့ ဘယ်အဖွဲ့အစည်း လုပ်ဆောင်တယ်ဆိုတာ အထောက်အထား မရှိသေးပါဘူး။ ဒီတိုက်ခိုက်မှုကြောင့် လူ ၂၅ ဦး သေဆုံးပြီး ၆ဝ ကျော် ဒဏ်ရာရခဲ့ပါတယ်။ အီရန်တော်လှန်ရေး အစောင့်တပ်ကတော့ ဒီတိုက်ခိုက်မှုအတွက် မှတ်သားလောက်အောင် လက်စားချေတုံ့ပြန်မယ်လို့ ကတိပြုပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အီရန်အစိုးရက ပင်လယ်ကွေ့ အာရပ်နိုင်ငံတွေဟာ သေနတ်သမားတွေကို ကူညီတယ်ဆိုပြီး  စွပ်စွဲပြောကြားခဲ့ပါတယ်။
3 years Ago
Up