တိုက်ခိုက်ခဲ့မှု

March 16, 2019

နယူးဇီလန်ဗလီနှစ်ခု တိုက်ခိုက်ခဲ့မှု သံသယဖြင့် ဖမ်းထားသူကို ရုံးထုတ်

လူ ၄၉ ယောက် သေဆုံးရတဲ့ နယူးဇီလန် ဗလီနှစ်ခု တိုက်ခိုက်မှုမှာ အဓိက သံသယရှိသူ သြစတြေးလျနိုင်ငံသားကို မတ်လ ၁၆ ရက်နေ့က လူသတ်မှုနဲ့ စွဲချက်တင် ရုံးထုတ်ခဲ့ပါတယ်။ အသက် ၂၈ နှစ်အရွယ် ဘရန်တန်ဟယ်ရစ်ဆင်တဲရန့်ဟာ ခရိုက်ချက် ခရိုင်တရားရုံးကို ရောက်လာခဲ့ပြီး သူဟာ ထောင်ဝတ်စုံ အဖြူရောင်ကို ၀တ်ဆင်ထားပါတယ်။ အဲဒီကြားနာမှုမှာ တဲရန့်ရဲ့ တရာရုံးရှေ့နေက တာရန့်အတွက် အာမခံ လျှောက်လဲတာ၊ အမည်မဖော်ပြဖို့ လျှောက်လဲတာ မလုပ်ခဲ့ပါဘူး။ တဲရန့်ဟာ နောက်ထပ် စွဲချက်တွေ ရင်ဆိုင်ရဖွယ်ရှိတယ်လို့ ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။ တဲရန့်ကို လာမယ့် ဧပြီလ ၅ ရက်နေ့ တရားရုံးချုပ်ကြားနာမှု မတိုင်ခင်အထိ အယူခံမပေးဘဲ ချုပ်နှောင်ထားမယ်လို့ ရိုက်တာ သတင်းမှာဖော်ပြထားပါတယ်။ ဒီဗွီဘီ လူ ၄၉ ယောက် သေဆုံးရတဲ့ နယူးဇီလန် ဗလီနှစ်ခု တိုက်ခိုက်မှုမှာ အဓိက သံသယရှိသူ သြစတြေးလျနိုင်ငံသားကို မတ်လ ၁၆ ရက်နေ့က လူသတ်မှုနဲ့ စွဲချက်တင် ရုံးထုတ်ခဲ့ပါတယ်။ အသက် ၂၈ နှစ်အရွယ် ဘရန်တန်ဟယ်ရစ်ဆင်တဲရန့်ဟာ ခရိုက်ချက် ခရိုင်တရားရုံးကို ရောက်လာခဲ့ပြီး သူဟာ ထောင်ဝတ်စုံ အဖြူရောင်ကို ၀တ်ဆင်ထားပါတယ်။ အဲဒီကြားနာမှုမှာ တဲရန့်ရဲ့ တရာရုံးရှေ့နေက တာရန့်အတွက် အာမခံ လျှောက်လဲတာ၊ အမည်မဖော်ပြဖို့ လျှောက်လဲတာ မလုပ်ခဲ့ပါဘူး။ တဲရန့်ဟာ နောက်ထပ် စွဲချက်တွေ ရင်ဆိုင်ရဖွယ်ရှိတယ်လို့ ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။ တဲရန့်ကို လာမယ့် ဧပြီလ ၅ ရက်နေ့ တရားရုံးချုပ်ကြားနာမှု မတိုင်ခင်အထိ အယူခံမပေးဘဲ ချုပ်နှောင်ထားမယ်လို့ ရိုက်တာ သတင်းမှာဖော်ပြထားပါတယ်။
2 years Ago
Up