တိရစ္ဆာန်ရုံ

January 16, 2019

အပူချိန် မြင့်တက်နေသည့် သြစတြေးလျတွင် တိရစ္ဆာန်များကို အပူဒဏ်မှသက်သာရန် ကြိုးပမ်း

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ အပူချိန်မြင့်တက်နေတာမို့ ဇန်နဝါရီ ၁၆ ရက်နေ့က ထရွန်ဂါ တိရစ္ဆာန်ရုံရှိ တိရစ္ဆာန်တွေဟာ အပူဒဏ်ကနေ သက်သာအောင် ကြိုးပမ်းနေပါတယ်။ တိရစ္ဆာန်ရုံအတွင်းရှိ ဆင်တွေဟာလည်း ရေကန်အတွင်း ရေစိမ်ပြီး အပူရန် ကာကွယ်နေပါတယ်။ ဝန်ထမ်းတွေကလည်း သစ်ကုလားအုတ်တွေကို ရေပိုက်နဲ့ ရေတိုက်နေပါတယ်။ အာခစ်နက် နို့တိုက်သတ္တဝါတွေက အေးခဲအစားအစာကို စားသလို ပင်လယ်ဖျံတွေဟာလည်း အေးခဲငါးတွေကို စားနေတာပါ။ သြစတြေးလျနိုင်ငံမှာ တောင်ပိုင်း တက်စ်မေးနီးယားပြည်နယ်က လွဲလို့ တခြားပြည်နယ်နဲ့ နယ်မြေတွေမှာ အပူချိန် ၄၀ ဒီဂရီ ဆဲလ်စီးယပ်စ်အထက် ရောက်မယ်လို့ မီဒီယာက ကြေညာပါတယ်။ နယူးဆောက်ဝေးပြည်နယ် အတော်များများမှာ ဇန်နဝါရီ ၁၉ ရက်နေ့အထိ အပူချိန် ၄၁ ဒီဂရီ ဆဲလ်စီးယပ်စ် ကျော်လွန်မယ်လို့ မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။
2 years Ago

August 24, 2018

တိရစ္ဆာန်ရုံအတွင်း ကျား ၃ ကောင် တိုက်ခိုက်ခံခဲ့ရသည့် အမျိုးသား သေဆုံး (ရုပ်သံ)

တရုတ်နိုင်ငံ အရှေ့ပိုင်းက တိရစ္ဆာန်ရုံတခုတည်းမှာ အမျိုးသားတဦးဟာ ကြောက်မက်ဖွယ် ကျား ၃ ကောင် တိုက်ခိုက်ခံခဲ့ရပြီး သေဆုံးသွားပါတယ်။ ဒီအဖြစ်အပျက်ဟာ ဇီကျန်းခရိုင်၊ နင်းဘိုမြို့က ယာဂီယာ တိရစ္ဆာန်ဥယျာဉ်ထဲမှာ ဖြစ်ခဲ့တာလို့ FeedyTV သတင်းမှာ သြဂုတ် ၂၃ ရက်နေ့က ဖော်ပြပါတယ်။ မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်အရ အဲဒီအမျိုးသားဟာ ကျားလှောင်အိမ်အနီး လာရောက်လည်ပတ်သူတွေ ကြည့်ရှုဖို့ ခွင့်ပြုထားတဲ့ဇုန်ကနေ ဖြတ်ကျော်ခဲ့ပြီး ကျားတွေကို အနီးကပ်ကြည့်ရှုဖို့ ကြိုးစားချိန်မှာ အဆွဲခံခဲ့ရတယ်လို့ ဆိုပါတယ်။ ကျား ၃ ကောင်ဟာ အဲဒီအမျိုးသားကို သူ့ရဲ့ဇနီးနဲ့ ကလေးဖြစ်သူ ရှေ့မှာတင် ခုန်အုပ်တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ တိရစ္ဆာန်ဥယျာဉ် ဝန်ထမ်းတွေဟာ ကျားတွေကို အုပ်စုခွဲဖို့ မီးရှူးမီးပန်းတွေ ဖောက်ခွဲတာ၊ ရေအမြောက်နဲ့ ဖျန်းပက်တာ စတဲ့အရာတွေနဲ့ ခြောက်လှန့်ခဲ့ကြပေမယ့် အချိန်မမီခဲ့ဘဲ သေဆုံးသွားခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ တိရစ္ဆာန်ဥယျာဉ်ကို လာရောက်လည်ပတ်ကြသူတွေ အနေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာသင့်တယ်လို့ ဆိုပါတယ်။ ဘယ်တိရစ္ဆာန်ဥယျာဉ်မှာမဆို အောက်မှာ ဖော်ပြထားတဲ့ ဒီအပြုအမူတွေကိုတော့ ရှောင်ရှားဖို့ သတိပေးထားကြပါတယ်။ အိမ်မွေးတိရစ္ဆာန်တွေ ခေါ်ဆောင်မလာဖို့၊ တိရစ္ဆာန်ဥယျာဉ်ထဲက သားရိုင်းတိရစ္ဆာန်တွေကို အလေးထားဖို့၊ စည်းမျဉ်းစဉ်းကမ်းတွေ လိုက်နာဖို့၊ တိရစ္ဆာန်ဥယျာဉ်တွင်းက ကန့်သတ်ထားတဲ့ စည်းရိုး၊ ဇုန်တွေကို ဖြတ်ကျော်ခြင်းမပြုဖို့၊ ကိုယ်နဲ့အတူ ပါလာတဲ့ ကလေးငယ်တွေကို တချိန်လုံး စောင့်ကြည့်နေဖို့ စတာတွေပဲ ဖြစ်ပါတယ်။
3 years Ago
Up