တိရစ္ဆာန်ဥယျာဉ်တွင်း ကျားသစ်ခုန်အုပ်တိုက်ခိုက်ခံရသည့် ကျောင်းသူမိန်းကလေးရုပ်သံ ပျံ့နှံ့

April 24, 2017

တိရစ္ဆာန်ဥယျာဉ်တွင်း ကျားသစ်ခုန်အုပ်တိုက်ခိုက်ခံရသည့် ကျောင်းသူမိန်းကလေးရုပ်သံ ပျံ့နှံ့

တောင်အာဖရိကနိုင်ငံကို ရောက်ရှိနေတဲ့ တရုတ်နိုင်ငံမှ ကျောင်းသူမိန်းကလေးတဦးဟာ သားရိုင်းတိရစ္ဆာန်ဥယျာဉ်တခုတွင်းမှာ ကျားသစ်ခုန်အုပ်တိုက်ခိုက်ခံရတဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ တရုတ်လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေခဲ့ပါတယ်။ ပက်ဂီလီယိုအမည်ရ အဲဒီမိန်းကလေးဟာ မကာအိုကနေ ပေါင်းကူးသင်ကြားရေး အစီအစဉ်တခုနဲ့ တောင်အာဖရိကနိုင်ငံကို ရောက်ရှိနေခဲ့တာဖြစ်ပြီး အမ်ဒေါ့နမ်နီလော့ဂ်ျ ဆာဖာရီဥယျာဉ်တွင်း လေ့လာရေးခရီး သွားရောက်ခဲ့ချိန်မှာ ခုလိုဖြစ်ခဲ့တာလို့ Shanghaiist သတင်းတပုဒ်မှာ ဒီကနေ့ဖော်ပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ကျားသစ်ဟာ မိန်းကလေးရဲ့ နောက်ကနေ အလစ်မှာ ခုန်အုပ်ပြီး လည်ပင်းကို ကိုက်ဖို့ ကြိုးစားခဲ့တာကို တွေ့ရမှာပါ။ ဒါပေမယ့် ဥယျာဉ်တွင်း တိရစ္ဆာန်ထိန်းသိမ်းကာကွယ်ရေးဝန်ထမ်း အမျိုးသားတဦးက အလျင်အမြန် ကယ်တင်နိုင်ခဲ့လို့ အသက်ချမ်းသာရာ ရခဲ့တာပါ။ ဒီဖြစ်စဉ်မှာတော့ ပက်ဒီဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ ထိခိုက်မှုမျိုးမရှိခဲ့ဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။ ခုန်အုပ်တိုက်ခိုက်ခဲ့တဲ့ ဒျူးအမည်ရတဲ့ အဲဒီကျားသစ်ဟာ နောက်တနေ့မှာလည်း အသက် ၁၄ နှစ်အရွယ် နယူးဇီလန် ခရီးသွားတဦးကို တိုက်ခိုက်ခဲ့သေးတယ်လို့ သည်ဆန်းသတင်းတပုဒ်က ဆိုပါတယ်။
4 years Ago
Up