စပိန်နိုင်ငံ ဘာစီလိုနာမြို့ရှိ တိရစ္ဆာန်ရုံက ခြင်္သေ့ ၄ ကောင်ဟာ ကိုဗစ်-၁၉ ကူးစက်ခံရတယ်လို့ တာဝန်ရှိသူတွေက ဒီဇင်ဘာ ၈ ရက်မှာ ပြောဆိုလိုက်ပါတယ်။
ဒါဟာ ကြောင်မျိုးဝင် တိရိစ္ဆာန်ကြီးတွေ ကိုဗစ်ကူးစက်ခံရတဲ့ ဒုတိယဖြစ်ရပ် ဖြစ်ပါတယ်။
တိရစ္ဆာန်ရုံ ဝန်ထမ်းတွေက ခြင်္သေ့တွေမှာ ကိုဗစ်လက္ခဏာအနည်းငယ် ပြတာကို သတိပြုခဲ့ပြီးနောက် စစ်ဆေးခဲ့တာပါ။ ဒီလို စစ်ဆေးရာမှာ ဇာလာ၊ နီမာနဲ့ ရန်ရန်း ဆိုတဲ့ ခြင်္သေ့မ ၃ ကောင်နဲ့ ကီရမ်ဘီ ဆိုတဲ့ ခြင်္သေ့ထီး ၁ ကောင်မှာ ကိုဗစ်ပိုးကို တွေ့ရှိခဲ့တာပါ။
ဒါ့အပြင် တိရစ္ဆာန်ရုံဝန်ထမ်း နှစ်ယောက်ဟာလည်း ကိုဗစ်ကူးစက်ခံရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
အခုအခါမှာတော့ ခြင်္သေ့တွေ ဘယ်လို ကူးစက်ခံရလဲဆိုတာကို အာဏာပိုင်တွေက စုံစမ်းနေပါတယ်။
ဘာစီလိုနာ တိရစ္ဆာန်ဆေးကုအဖွဲ့ဟာ နယူးယောက် ဘရွန့်ဇ်တိရိစ္ဆာန်ရုံက လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆက်အသွယ်ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလတုန်းက ဘရွန့်ဇ်တိရစ္ဆာန်ရုံက ကျား ၄ ကောင်နဲ့ ခြင်္သေ့ ၃ ကောင်မှာလည်း ကိုဗစ်-၁၉ ကူးစက်ခံရပြီး တိရစ္ဆာန်အားလုံးပြန်နေကောင်းလာခဲ့တယ်လို့ ရိုက်တာက ရေးပါတယ်။
3 months Ago