လော့ဒေါင်းချထားတဲ့ လန်ဒန်မှာ နှစ်စဉ် လုပ်နေကျ လန်ဒန်တိရစ္ဆာန်ရုံ စာရင်းကောက်ယူမှု ကို ဒီသီတင်းပတ်မှာ တံခါးပိတ် ပြုလုပ်နေပါတယ်။
အဆင့် ၅ လော့ဒေါင်း ချထားတာကြောင့် လန်ဒန်တိရစ္ဆာန်ရုံ နှစ် ၂၀၀ သမိုင်းမှာ အခက်ခဲဆုံးနှစ်ဖြစ်တယ်လို့ လုပ်ငန်းပိုင်း အရာရှိ ကတ်သလင်းအင်္ဂလန်က ဆိုပါတယ်။
"တိရစ္ဆာန်ရုံကို သီတင်း ၁၈ ပတ်ကျော် ပိတ်ခဲ့ရပြီး ပေါင်ငွေ သန်းချီ ဆုံးရှုံးတယ်"လို့ အင်္ဂလန်က ပြောပါတယ်။
"တိရစ္ဆာန်ကောင်ရေ ၁၈,၀၀၀ ကို ရေတွက်ရတာ ခက်ခဲတဲ့ တာဝန် တစ်ရပ် ဖြစ်ပါတယ်။ သစ်ကုလားအုတ်လို တိရစ္ဆာန်တွေကို ရေတွက်ရ လွယ်ကူပေမဲ့ ကျောရိုးမဲ့ သတ္တဝါ ငယ်တွေကို ရေတွက်ရတာ အတော်ကို ခက်ခဲနိုင်ပါတယ်"လို့လည်း အင်္ဂလန်က သူ့အတွေ့အကြုံကို ပြောခဲ့ပါတယ်။
ဒါကြောင့် သူတို့ကို ကောင်ရေလိုက် မရေတွက်နဲ့ အုပ်စုလိုက် ရေတွက်တာက ပိုမိုလွယ်ကူတယ်လို့ဆိုပါတယ်။
နှစ်စဉ် ကောက်ယူရရှိတဲ့ တိရစ္ဆာန်ကောင်ရေ စာရင်းတင်သွင်းတာက တိရစ္ဆာန်ရုံ လိုင်စင် အတွက်ဖြစ်သလို ကမ္ဘာလုံးဆိုင်ရာ တိရစ္ဆာန်မျိုးပွားလုပ်ငန်း ဆောင်ရွက်မှုအခြေအနေကို နိုင်ငံတကာတိရစ္ဆာန်ရုံအဖွဲ့အစည်းဆီ သတင်းပေးရာမှာ သိပ်ကို အရေးပါတယ်လို့ ရိုက်တာ ဖော်ပြပါတယ်။
2 months Ago