တိရစ္ဆာန်

January 8, 2020

သြစတြေးလျ တောမီးကြောင့် လူ ၂၅ ဦး‌နှင့် တိရစ္ဆာန်ကောင်ရေ သန်း ၅၀၀ ကျော် သေဆုံး

သြစတြေးလျနိုင်ငံမှာ တောမီးလောင်မှုကြောင့် လူ ၂၅ ဦးနဲ့ တိရစ္ဆာန် ကောင်ရေ သန်း ၅၀၀ ကျော် သေဆုံးပြီး ထောင်နဲ့ချီတဲ့ အဆောက်အဦတွေ ပျက်စီးခဲ့ပါတယ်။ တချို့မြို့တွေမှာတော့ လျှပ်စစ်မီးနဲ့ လက်ကိုင်ဖုန်း ကွန်ရက်တွေပါ ပြတ်တောက်ခဲ့ပါတယ်။  ပြည်နယ်နှစ်ခုမှာ နှစ်ရက်ဆက်တိုက် မိုးရွာပြီး လေအေးတွေ တိုက်ခတ်ခဲ့လို့ မီးတောက်တွေ လျော့ပါး သက်သာသွားခဲ့ပေမယ့် ဒီသီတင်းပတ်ထဲမှာတင်ပဲ အန္တရာယ်ရှိတဲ့ မိုးလေဝသ အခြေအနေ ပြန်ရောက်လာနိုင်တယ်လို့ မျှော်လင့်ထားကြောင်း အရာရှိတွေက သတိပေးထားပါတယ်။ အရာရှိတွေက ရာသီဥတု ပိုကောင်းနေတုန်းမှာ တောမီးကြောင့် ပိတ်ထားရတဲ့ လမ်းတွေကို ပြန်ဖွင့်ခဲ့သလို မီးခိုးထူတွေကြောင့် ကယ်ဆယ်ရေး လုပ်မရချိန်က တောမီးဝိုင်းခံခဲ့ရတဲ့ ရာနဲ့ချီတဲ့သူတွေကို ဘေးကင်းရာ ရွှေ့ပြောင်းခဲ့ကြပါတယ်။ လူအယောက် ၄၀၀ လောက်ကို လေကြောင်းကနေ ကယ်ထုတ်ခဲ့ရတယ်လို့ ဗစ်တိုးရီးယားပြည်နယ် ဝန်ကြီးချုပ်က ပြောပါတယ်။ အသစ်ဖွဲ့စည်းလိုက်တဲ့ အမျိုးသားမီးဘေးပြန်လည်ထူထောင်ရေးအေဂျင်စီအတွက် ၂ နှစ်စာ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ လျာထားတယ်လို့ ကြေညာခဲ့ပါတယ်။
2 years Ago
Up