တိမ်းမှောက် ဗီယက်နမ်သင်္ဘော ၆ စီးမှ ၀န်ထမ်းများကို ကယ်ဆယ် (ရုပ်သံ)

July 29, 2015

တိမ်းမှောက် ဗီယက်နမ်သင်္ဘော ၆ စီးမှ ၀န်ထမ်းများကို ကယ်ဆယ် (ရုပ်သံ)

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်းရှီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကမ်းလွန်ရေပြင်မှာ ကုန်သင်္ဘော ၆ စီးပေါ်က ဗီယက်နမ်ဝန်ထမ်း စုစုပေါင်း ၄၈ ယောက်ကို ကယ်ဆယ်ခဲ့တယ်လို့ ဒေသခံ နယ်စပ်ရဲက ဇူလိုင် ၂၈ ရက်က ပြောပါတယ်။ ဗီယက်နမ်သင်္ဘောတွေဟာ လှိုင်းကြီးပြီး မုန်တိုင်းထန်တဲ့ မိုးလေဝသကြောင့် ဖန်ချန်ဂန်းမြို့နားက ပင်လယ်ပြင်မှာ ဇူလိုင် ၂၇ ရက် မွန်းလွဲပိုင်းက တိမ်းမှောက်ခဲ့တာပါ။ သင်္ဘောသားတချို့ ရေထဲ ပြုတ်ကျခဲ့ပြီး တချို့ကတော့ နစ်နေတဲ့ သင်္ဘောတွေပေါ်မှာ သောင်တင်နေခဲ့ကြပါတယ်။ ဒေသခံ နယ်စပ်ရဲတွေ၊ ရေကြောင်းနဲ့ ငါးလုပ်ငန်း စီမံကွပ်ကဲရေးရုံး အရာရှိတွေက မိုးသည်းထန်ပြီး လေပြင်းတွေကြားကနေ အခင်းဖြစ်ရာကို ဇူလိုင် ၂၇ ရက် မွန်းလွဲပိုင်းက သွားခဲ့ကြပြီး အဲဒီနေ့ ညနေမှာတော့ ဗီယက်နမ်လူမျိုး ၄၁ ယောက်ကို ရေထဲကနေ ကယ်နိုင်ခဲ့ပါတယ်။ တခြားသင်္ဘောသား ၇ ယောက်ကိုတော့ နစ်နေဆဲ သင်္ဘောပေါ်ကနေ ဇူလိုင် ၂၈ မနက်ပိုင်း လှိုင်းကြီးတွေ ပြန်ကျချိန်မှာ ကယ်တင်ခဲ့ပါတယ်။
6 years Ago
Up