အမေရိကန်ပြည်ထောင်စု ကင်တပ်ကီက အဝေးပြေးလမ်းမပေါ်မှာ မောင်းနှင်လာတဲ့ ကားတစီး တိမ်းမှောက်သွားပါတယ်။
ကံကောင်းထောက်မစွာပဲ ကားထဲက ကလေးငယ်တဦးဟာ ကားတိမ်းမှောက်စဉ်မှာ လွင့်စင်ထွက်ကျလာတဲ့ ရုပ်သံကို စီအန်အန်သတင်းဌာနက သြဂုတ် ၁၉ ရက်နေ့က တင်ဆက်ထားပါတယ်။
အရှိန်ကြောင့် ကားဟာ ပေ ၃၀ လောက် မြောက်တက်သွားသလို ထွက်ကျလာတဲ့ ကလေးငယ်ပေါ်ကို ကျော်ပြီး တလိမ့်ကောက်ကွေး မှောက်သွားခဲ့ပါတယ်။
အနီးနားက လူတဦးကတော့ ကားထဲက ကလေးငယ်ထွက်လာတာကို သတိထားမိတယ်လို့ ပြောပါတယ်။
ကလေးငယ်ဟာ မိခင်နဲ့အတူ အရေးပေါ် အခြေအနေအတွက် ဆေးရုံမှာ ကုသခံနေရတယ်လို့လည်း သတင်းက ဖော်ပြပါတယ်။
ကားတိမ်းမှောက်ရာမှာပါဝင်တဲ့ ဖခင်ဖြစ်သူကတော့ ဒီဖြစ်ရပ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေတယ်လို့လည်း ဆိုပါတယ်။
5 years Ago