တိမ်းမှောက်၊ ၂ ဦးသေ

June 16, 2017

ကျိုက်ထိုတွင် ယာဉ်တစီး တိမ်းမှောက်၊ ၂ ဦးသေ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ လက်ပြကျေးရွာ ရန်ကုန် မော်လမြိုင်ကားလမ်းပေါ်မှာ ဇွန်လ ၁၅ ရက်နေ့ နေ့လယ်ပိုင်းက ယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါ ခရီးသည် ၂ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရခဲ့ပါတယ်။ ပဲခူးတိုင်းဒေသကြီးဘက်မှ ကျိုက်ထိုဘက်ကို ခရီးသည်တွေတင်ပြီး ယာဉ်မောင်း ထိန်လင်း မောင်းနှင်လာတဲ့ ပရိုဘောက်ယာဉ်ဟာ ရန်ကုန်-မော်လမြိုင်ကားလမ်း လက်ပြကျေးရွာ ဆိုင်းဘုတ်အနားအရောက်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက်ကို ထိုးကျ တိမ်းမှောက်ခဲ့တာလို့ ရဲက ပြောပါတယ်။ ကျိုက်ထိုမြို့မရဲစခန်းမှ ရဲအုပ်ဇော်မျိုးလွင်က “အရင်ဆုံးလမ်းညာဘက်ကို အရှေ့ဘီး ကျသွားလို့ ပြန်ဆွဲတင်တာ အရှိန်မနိုင်တော့ဘဲ လမ်းဘယ်ဘက်ကို ထိုးကျတိမ်းမှောက် သွားတာပါ။ ယာဉ်ပေါ်မှာက ခရီးသည် ၈ ဦးပါတယ်။ မိန်းမတယောက်နဲ့ ကလေးတယောက် သေတယ်။ ကျန်တဲ့ ၅ ဦးဒဏ်ရာရတယ်” လို့ ပြောပါတယ်။ ကျိုက်ထိုမြို့ ရဲစခန်းက ယာဉ်မောင်း ထိန်လင်းကို ယာဉ်မဆင်မခြင်မောင်းနှင်မှု၊ အပြင်း ထန်ဒဏ်ရာရစေမှု၊ ပေါ့လျော့ခြင်းဖြင့်သေစေမှုတွေနဲ့  အမှုဖွင့်ပါတယ်။ သတင်း-ယူမင်းစိုး
4 years Ago
Up