တိမ်းမှောက်၊ ၁၇ ဦးသေ (ရုပ်သံ)

April 22, 2018

တရုတ်တွင် နဂါးလှေနှစ်စီး တိမ်းမှောက်၊ ၁၇ ဦးသေ (ရုပ်သံ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်းရှီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ နဂါးလှေပြိုင်ပွဲအတွက် လေ့ကျင့်ရင်း လှေ ၂ စီး မှောက်ခဲ့လို့ လူ ၁၇ ယောက် သေဆုံးပါတယ်။ ဧပြီ ၂၁ ရက် မွန်းလွဲ ၂ နာရီလောက်က ကွေ့လင်းမြို့ ထောင်ဟွားကျန်း မြစ်ထဲမှာ လှေမှောက်ခဲ့တာပါ။ ရေထဲကို လူ ၅၇ ယောက် ကျသွားခဲ့ပြီး အယောက် ၄၀ ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ပျောက်ဆုံးသူတွေကိုရှာဖို့ လူအယောက် ၂၀၀ လောက် အခင်းဖြစ်ရာကို ရောက်လာခဲ့တာပါ။ ကယ်ဆယ်ရေး လုပ်ငန်းတွေ ညဆယ်နာရီကျော်မှ အဆုံးသတ်ခဲ့ပါတယ်။ တန်းမုရွာသားတွေက ရဲတွေကို ကြိုတင်အကြောင်းမကြားဘဲ လေ့ကျင့်ဖို့ စီစဉ်ခဲ့တာလို့ ကွေ့လင်းမြို့ အာဏာပိုင်တွေက ပြောပါတယ်။ လေ့ကျင့်ဖို့ စီစဉ်သူ ၂ ယောက်ကို ထိန်းသိမ်းထား တယ်လို့ သိရပါတယ်။
3 years Ago
Up