တိမ်းမှောက်

April 19, 2019

ခရီးသည်တင်ယာဉ်တစီး အရှိန်မထိန်းနိုင်ဘဲ တံတားဝင်တိုက်၊ ၂၁ ဦးဒဏ်ရာရ

မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ရန်ကုန်-ပုသိမ်ကားလမ်း မိုင်တိုင်(၅၄/၆-၇)ကြားမှာ ဧပြီလ ၁၈ ရက်ညပိုင်းက ခရီးသည်တင်ယာဉ်တစီး အိုင်ဇောက်တံတားကို ဝင်တိုက်မိပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။ ပုသိမ်မြို့ကနေ ရန်ကုန်မြို့ကို ဘုန်းကျော်ထွန်း မောင်းနှင်လာတဲ့ လူ ၅၅ ဦးပါ ခရီးသည်တင်ယာဉ်ဟာ အရှိန်မထိန်းနိုင်ဘဲ အိုင်ဇောက်တံကို ဝင်တိုက်မိပြီး ယာဉ်ပေါ်ပါ ခရီးသည် ၅၆ ဦးအနက် ၂၁ ဦး ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့လို့ ပန်းတနော် ပြည်သူ့ဆေးရုံနဲ့ ရန်ကုန် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ပန်းတနော် မြို့မရဲစခန်းက ယာဉ်မောင်း ဘုန်းကျော်ထွန်းကို ယာဉ်ပေါ့လျော့မှုကြောင့် ပြင်းထန်၊ သာမန်နာကျင်စေမှု ရာဇသတ်ကြီးပုဒ်မ-၃၃၈/၃၃၇ နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။
2 years Ago

December 22, 2017

မိုးကောင်းဘူတာနှင့် နမ္မတီးဘူတာကြားတွင် ကုန်ရထားတစီး တိမ်းမှောက်

မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပိုင်းပေါ်ရှိ မိုးကောင်းဘူတာနဲ့ နမ္မတီးဘူတာအကြားမှာ ဒီဇင်ဘာ ၂၁ ရက် ညပိုင်းက ကုန်ရထားတစ်စီး ဘီးချော်တိမ်းမှောက်မှုဖြစ်ပွားခဲ့တယ်လို့ မိုးကောင်းဘူတာ ရုံပိုင်လေး ဦးစံထွန်းသိန်းက ပြောပါတယ်။ ဖြစ်စဉ်မှာ မန္တလေးကနေ မြစ်ကြီးနားကို စက်ခေါင်းမောင်း ဦးခင်မောင်ကြည်နဲ့ ဦးကျော်မြင့်တို့ မောင်းနှင်လာတဲ့ မန္တလေး- မြစ်ကြီးနား အမှတ် ၉၃၃ အဆန် ရထားဟာ မိုးကောင်းဘူတာရဲ့ မြောက်ဘက် ၃ မိုင်လောက်အကွာ မီးရထားမိုင်တိုင်အမှတ် (၆၈၉/၆ နဲ့ ၆၈၉/၉)ကြားမှာ ကုန်တင်တွဲ ၃ တွဲ ဘီးချော်တိမ်းမှောက်ခဲ့ပြီး ၂ တွဲမှာ ဘီးချော်တိမ်းစောင်းမှု ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။ မီးရထားဘီးချော်တိမ်းမှောက်မှုကြောင့် မီးရထားသံလမ်းဆက် ၄ ဆက်လောက် ပျက်စီးသွားပြီး ပြုပြင်ပြီးစီးမယ့်အချိန်ကို မခန့်မှန်းနိုင်သေးဘူးလို့ ဦးစံထွန်းသိန်းက ပြောပါတယ်။ ကိုကိုလင်း(အင်းတော်)
4 years Ago
More News
Up