ကိုရီးယားနဲ့ မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် “A Flower Above The Clouds - တိမ်တွေပေါ်ကပန်း”လို့ အမည်ရတဲ့ ရုပ်ရှင်ကားကို ရိုက်ကူးသွားဖို့ ရှိနေပါတယ်။
Big Five ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ JVJ Entertainment တို့ ပူးပေါင်းရိုက်ကူးမယ့် ဒီရုပ်ရှင်ကားကိုတော့ ဒါရိုက်တာ စင်ရော်မောင်မောင်က ရိုက်ကူးမှာဖြစ်ပြီး အဓိက သရုပ် ဆောင်တွေအဖြစ် ကျော်ထက်အောင်၊ ၀တ်မှုန်ရွှေရည်၊ မေသန်းနုတို့နဲ့ ကိုရီးယားသရုပ် ဆောင်တွေအဖြစ် ပါဝင်သွားကြမှာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားထဲမှာ ပါဝင်မယ့် ဇာတ်ဝင်ခန်းတွေကိုတော့ လာမယ့်ဇွန်လထဲမှာ တောင်ကို ရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ စတင်ရိုက်ကူးသွားမှာဖြစ်ပြီး ချင်းပြည်နယ်မှာလည်း ရိုက်ကူးမှာ ဖြစ်ပါတယ်။
A Flower Above The Clouds - တိမ်တွေပေါ်ကပန်း ရုပ်ရှင်ကားရဲ့ စာနယ်ဇင်း မိတ်ဆက်ပွဲကိုတော့ ရန်ကုန်မြို့ Lotte Hotel မှာ မေလ ၃၀ ရက်က ပြုလုပ်ခဲ့ပါတယ်။
ဒါရိုက်တာ စင်ရော်မောင်မောင်က ဒီကားနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာရှိတဲ့ အနုပညာ ယဉ်ကျေးမှုအလှအပတွေနဲ့ကိုရီးယားနိုင်ငံမှာရှိတဲ့ယဉ်ကျေးမှုအလှအပတွေကို စိတ်ကူးပုံဖော်တင် ဆက်ပေးသွားမှာဖြစ်ပြီး ကိုရီးယားနိုင်ငံနဲ့ မြန်မာချစ်ကြည်ရေး အထိမ်းအမှတ်တခု ဖြစ်မယ့် ရုပ်ရှင်ဇာတ်ကားတကားဖြစ်တယ်လို့  ပြောပါတယ်။
2 years Ago