တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူနေအိမ် ပြိုကျ

July 10, 2017

တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူနေအိမ် ပြိုကျ (ရုပ်သံ)

တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချန်ဒူပြည်နယ် ကျန်တာခရိုင်မှာ ဇူလိုင် ၈ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် လူနေတိုက်တလုံး ပြိုလဲကျသွားခဲ့ပြီး ထရပ်ကားတစင်းလည်း မြစ်ထဲကို မျောပါသွားခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖြော်ပထားပါတယ်။ ပြိုလဲသွားတဲ့ နေအိမ်မှာ နေသူတွေကို အဆောက်အဦ မပြိုကျခင် ကယ်တင်နိုင်ခဲ့ပါတယ်။
အဲဒီဒေသမှာ ဇွန်လကတည်းက မိုးရက်ဆက်ရွာသွန်းခဲ့တာကြောင့် ချီခွေမြစ်ရေ ရုတ်တရက်တိုးခဲ့ပြီး အခုပြိုကျသွားတဲ့ အဆောက်အဦရဲ့ အောက်ခံနေရာကို ရေတိုက်စားခံရတာကြောင့် အခုလို ပြိုကျခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် မြစ်ကမ်းဘေးမှာ ရပ်ထားတဲ့ ထရပ်ကားတစင်းလည်း မြစ်ရေ ရုတ်တရက် တိုးခဲ့တာကြောင့် မြစ်ထဲမျောပါသွားတာ ဖြစ်ပါတယ်။ ကျန်တာခရိုင်မှာ အခုလို မိုးရက်ဆက်ရွာသွန်းတာကြောင့် တံတား ၂၄ စင်းနဲ့ အဝေးပြေးလမ်း ၆၇ ခုထိ ပျက်စီးခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြထားပါတယ်။
5 years Ago
Up