တိကျမှုနည်းသည့် ကိုဗစ်-၁၉ စစ်ဆေးမှု

September 18, 2020

တိကျမှုနည်းသည့် ကိုဗစ်-၁၉ စစ်ဆေးမှုကို အမေရိကန်ပညာရှင်များ စိုးရိမ်

ဈေးပေါပေါနဲ့အမြန် စစ်ဆေးလို့ရပေမယ့် တိကျမှုနည်းပါးတဲ့  ကိုဗစ်-၁၉  စစ်ဆေးမှုတွေကို အမေရိကန်ကုန်ထုတ်သူတွေက တိုးမြှင့်ထုတ်လုပ်နေပေမယ့် ပညာရှင်တွေကတော့ စိုးရိမ်ပူပန် နေပါတယ်။   ကုန်ထုတ်သူတွေက ဒီနှစ်ကုန်မှာ တစ်လကို  စစ်ဆေးမှု သန်း ၁၀၀ လုပ်ဖို့ ရည်ရွယ်ထားပြီး ဒီလိုနည်းနဲ့ ကျောင်းနဲ့အလုပ်ခွင်တွေမှာ စမ်းသပ်မှုတွေကို အတော်ကြီးတိုးမြင့် လုပ်ဆောင်နိုင်မှာပါ။  အောက်တိုဘာလကုန်မှာ ကိုဗစ်နိုင်-၁၉ ရှိ၊မရှိ စစ်ဆေးမှု ဒါဇင်ဝက်ကျော်ကို ခွ့င်ပြုသွားဖွယ် ရှိတယ်လို့ ကုန်ထုတ်သူတွေနဲ့အ စိုးရသတင်းရင်းမြစ်တွေက ရိုက်တာကို ပြောပါတယ်။ ဒီလိုစစ်ဆေးမှုတွေ အများအပြားထုတ်လုပ်မှာနဲ့ ပတ်သက်လို့  WebMD  သမားတော် ဒေါက်တာ ဂျွန်ဝှိုက်က တိကျမှု မရှိဘဲ အမြန်စစ်ဆေးတာက ဘယ်သူ့ကိုမှ အထောက်အကူဖြစ်မှာ မဟုတ်ဘူးလို့ စက်တင်ဘာ ၁၇ ရက်မှာ  ရိုက်တာကို ပြောဆိုခဲ့ပါတယ်။  အမေရိကန်နိုင်ငံမှာ ကနဦးခွ့င်ပြုထားတဲ့ ရောဂါစစ်ဆေးမှုနဲ့ အသစ်ခွင့်ပြုတဲ့ စစ်ဆေးမှုတွေ ပေါင်းလိုက်မယ်ဆိုရင်  ၂၀၂၀ နှစ်ကုန်မှာ တစ်လကို  လူပေါင်း သန်း ၂၀၀ ကျော်  ကိုဗစ်-၁၉ ရှိ၊ မရှိ  စစ်ဆေးပေးနိုင်လိမ့်မယ်လို့ အဲဒီသတင်းရင်းမြစ်တွေက ပြောပါတယ်။  
8 months Ago
Up