ဂျာမန်ဘွန်ဒတ်စ်လီဂါပြိုင်ပွဲတွေမှာ ပထမဆုံးအဖြစ် အမျိုးသမီးဒိုင်ကို တာဝန်ပေးအပ်သွားမယ်လို့ ဂျာမန် ဘောလုံးအဖွဲ့ချုပ်က ကြေညာလိုက်ပါတယ်။
အသက် ၃၈ နှစ်အရွယ် အမျိုးသမီးဒိုင်ဖြစ်သူ ဘီဘီယာနာ စတိန်းဟောက်စ်ဟာ ၁၉၉၉ မှာ စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ပွဲပေါင်း ၈၀ ကို တာဝန်ယူခဲ့ဖူးပါတယ်။
ဂျာမန်ဒိုင် စတိန်းဟောက်စ်ဟာ ၂၀၁၁ နဲ့ ၂၀၁၅ ကမ္ဘာ့ဖလား အမျိုးသမီးပြိုင်ပွဲတွေမှာ တာဝန်ထမ်းဆောင်ခဲ့သလို ၂၀၁၂ လန်ဒန် အိုလံပစ်ပြိုင်ပွဲမှာလည်း ဒိုင်အဖြစ် လုပ်ဆောင်ခဲ့ပါတယ်။
ဘွန်ဒတ်စ်လီဂါမှာ ဒိုင်အဖြစ် လုပ်ကိုင်ရတာဟာ ကြီးမားတဲ့ ခြေလှမ်းတလှမ်း ဖြစ်တယ်လို့ သူက ပြောပါတယ်။
6 years Ago