တာဝန်ထမ်းဆောင်ခွင့် ရရှိ

September 2, 2017

ဗြိတိန် တော်ဝင်လေတပ်တွင် အမျိုးသမီးများ တာဝန်ထမ်းဆောင်ခွင့် ရရှိ

ဗြိတိန်နိုင်ငံရဲ့ တော်ဝင်လေတပ် (RAF) က ရာထူးအဆင့်အားလုံးမှာ အမျိုးသမီးတွေ တာဝန်ထမ်းဆောင်နိုင်ဖို့ စက်တင်ဘာ ၁ ရက်နေ့က စတင်ပြီး လမ်းဖွင့်ပေးလိုက်ပါတယ်။ ဒါဟာ ဗြိတိန် စစ်တပ်အတွင်း နယ်ပယ်အားလုံးမှာ တာဝန်ထမ်းဆောင်ဖို့ အမျိုးသားနဲ့ အမျိုးသမီး ၂ မျိုးလုံးကို လမ်းဖွင့်ပေးတဲ့ ပထမဆုံး အသုတ်လည်း ဖြစ်လာပါတယ်။ အမျိုးသမီးတွေကို ခြေလျင်တပ်တွေမှာ တာဝန်ထမ်းဆောင်တာ ခွင့်မပြုဖို့ တားမြစ်ပိတ်ပင်ချက်ကို မနှစ်ကစပြီး ရုပ်သိမ်းခဲ့ပါတယ်။ အဲဒီနောက် RAF တပ်မှာ အမျိုးသမီးတွေ ပူးပေါင်းလျှောက်ထားဖို့ လက်ခံလိုက်တာပါ။ အမျိုးသမီးတွေကို ပါဝင်ခွင့်ပြုလိုက်တာဟာ ပိုကြီးမားတဲ့ လူ့အဖွဲ့အစည်းအတွင်း အပြောင်း အလဲကို ထင်ဟပ်တဲ့ တိုးတက်မှုကို ပြနေတယ်လို့ ဟိုနင်တန် အခြေစိုက် RAF တပ်ရဲ့ သင်တန်းမှူးတွေက ပြောပါတယ်။ စစ်ဆင်ရေး ဆောင်ရွက်ရာမှာ အပြောင်းအလဲ မရှိတာ သေချာစေဖို့ အမျိုးသားတွေနဲ့ အမျိုးသမီးတွေကို စံချိန်သတ်မှတ်ချက် တန်းတူ ပေးထားမယ်လို့လည်း သူတို့က ပြောပါတယ်။ RAF တပ်ရင်းဟာ အာဖဂန်နစ္စတန် နိုင်ငံအတွင်း အခြေစိုက်စခန်းတွေကို ကနဦး ကင်းလှည့်တာနဲ့ ကာကွယ်တာတွေလုပ်ရင်း လူအသေအပျောက် နည်းအောင် ထိန်းသိမ်းနိုင်ခဲ့တဲ့ တပ်ရင်းလည်း ဖြစ်ပါတယ်။
4 years Ago
Up