တားမြစ်ခံရ

April 10, 2021

ဗန်းမော်မြို့၌ ပိုသူလှူ လိုသူယူ အစီအစဉ်တားမြစ်ခံရသဖြင့် တအိမ်တက်ဆင်းလှူဒါန်း

ဗန်းမော်မြို့မှာ လိုရင်ယူ ပိုရင်လှူ အစီအစဉ် တားမြစ်ခံရတဲ့အတွက် တအိမ်တက်ဆင်း လူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

ကချင်ပြည်နယ် ဗန်းမော်မြို့မှာ ဧပြီ ၈ ရက်နေ့က တက်ကြွလူငယ်တွေနဲ့ အမျိုးသမီးတွေ ဦးဆောင်ပြုလုပ်ခဲ့ကြတဲ့ လိုရင်ယူ ပိုရင်လှူ အစီအစဉ်အဖြစ် နိုင်ငံရေးအကျပ်အတည်းကြား စားဝတ်နေရေးခက်ခဲနေသူတွေအား တပိုင်တနိုင်အခမဲ့ လှူဒါန်းခဲ့ရာမှာ တားမြစ်ခံခဲ့ရတာပါ။

အဲဒီနေ့က စစ်ကောင်စီဝင်တွေနဲ့ အကြမ်းဖက်ရဲတပ်ဖွဲ့ဝင်အချို့က စောင့်ကြည့်သတင်းယူခဲ့ပြီး အစီအစဉ်ပြီးဆုံးချိန် ညနေပိုင်းမှာ ဦးဆောင်သူအချို့အား ခေါ်ယူကာ လူစုလူဝေးဖြစ်တယ်ဆိုပြီး တားမြစ်ပိတ်ပင်ခြိမ်းခြောက်ခဲ့တယ်လို့ ဗန်းမော်ဒေသခံအချို့က ပြောပါတယ်။

ဒါကြောင့် ဗန်းမော်မြို့ ဒေသခံတွေ ခံပြင်းဒေါသထွက်နေကြပြီး အလှူရှင်တွေ ပေးပို့တာတွေကို ဧပြီ ၁၀ ရက်နေ့က တစ်အိမ်တက်ဆင်းသာ လိုရင်ယူ ပိုရင်လှူ အစီအစဉ်အား ပြုလုပ်ခဲ့ရတယ်လို့ သိရှိရပါတယ်။

ဗန်းမော်မြို့မှာ အကြမ်းဖက်စစ်ကောင်စီဝင်တွေနဲ့ လက်ပါးစေ ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေးအကြောင်းပြကာ နေ့ညမရွေးတင်းကျပ်နေပြီး ဖုန်းတေါကို ရှောင်တခင်စစ်ဆေးတာ၊ နေ့ညအချိန်မရွေးလက်နက်ကိုင်ပြီး လှည့်လည်တာ၊ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်သူတွေအား ဖမ်းဆီးတာ၊ CDM ပြုလုပ်သူတွေအား ခြိမ်းခြောက်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

8 months Ago

October 21, 2020

တောင်သမန်အင်းအတွင်း ငှက်လှေသမား၏ NLD ထောက်ခံအင်အားပြပွဲ တားမြစ်ခံရ (ဓာတ်ပုံ)

မန္တလေး၊ အမရပူရမြို့နယ်၊တောင်သမန်အင်းအတွင်းက ငှက်လှေသမားတွေဟာ ဒီနေ့ နေ့လယ်ပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံအားပေးတဲ့အနေနဲ့ ငှက်လှေတွေကို အလှဆင်ပြီး အင်အားပြကြပါတယ်။ တောင်သမန်အင်းအတွင်း လှေတွေ လှည့်လည်လှော်ခတ်ဖို့ စီစဉ်ခဲ့ပေမယ့် ကိုဗစ်-၁၉ အခြေအနေအရ တာဝန်ရှိသူတွေက ခွင့်မပြုတာကြောင့် ငှက်လှေတွေကို ပါတီအလံတွေ ချိတ်ဆွဲပြီး ကမ်းစပ်မှာပဲ ပြသခဲ့ကြပါတယ်။ တောင်သမန်အင်း ငှက်လှေအသင်းဥက္ကဋ္ဌ ဦးစိုးဝင်းက “အမေစုတို့ပါတီကို ထောက်ခံ ဝန်းရံတဲ့ အထိမ်းအမှတ်ပေါ့။ ကျနော်တို့ အမရပူရမြို့နယ် ဝန်ကြီးချုပ်က‌လည်း ကျနော်တို့ အမရပူရမြို့နယ် ဝန်ကြီးချုပ်လည်း ဖြစ်တဲ့အတွက် ကျနော်တို့မြို့နယ်ရဲ့ အထင်ကရနေရာဖြစ်တဲ့ ဦးပိန်တံတားမှာ ကျနော်တို့ ငှက်လှေတွေရယ်၊ တပိုင်တနိုင် တတ်နိုင်တဲ့အနေအထားလေးနဲ့ လှည့်လည်ဖို့အတွက် ကျနော်တို့ အစီအစဉ်ဆွဲထားတဲ့ အတိုင်းအတာတစ်ခုမှာ လူကြီးတွေကနေပြီးတော့ ကိုဗစ်ကာလဖြစ်တာကြောင့်မို့ လှည့်ဖို့ကတော့ အစီအစဉ်ကတော့ ပျက်သွားတယ်ပေါ့နော်” လို့ ပြောပါတယ်။ ငှက်လှေအသင်းက ငှက်လှေ အစီးရေ ၄၃ စီးမှာ  NLD ပါတီအလံတွေ ချိတ်ဆွဲပြသထားပြီး အမှတ်တရ ဓာတ်ပုံရိုက်ကူးတာတွေပဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ တောင်သမန်အင်းဟာ မန္တလေးတိုင်းမှာ  Stay at Home  အမိန့်ထုတ်ထားတဲ့ မြို့နယ်တွေထဲ တခုအပါအဝင် ဖြစ်တဲ့အပြင် ပြုလုပ်ပါက လူစုလူဝေး ဖြစ်ပေါ်နိုင်တဲ့အတွက်ကြောင့် ခွင့်မပြုတာ ဖြစ်တယ်လို့ သိရပါတယ်။ သတင်း- ထိန်ထိန်လင်း
1 year Ago
Up